35 C
Yangon

ချောင်းဦးတွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ချောင်းဦးတွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းပုန်း ဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းမှ ကင်းပုန်းဝပ်နေသော စစ်သားများကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၁ မှ ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ချောင်းဦး ငါးယှန်ရွာမှာရှိတဲ့ ခွေးကင်းစခန်းကနေ ကင်းပုန်း ဝပ်ဖို့ထွက်လာတဲ့ စစ်ခွေးတွေကို အသင့်တပ်ဆင်ထားတဲ့ မိုင်း သုံးလုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင် နေရာမှာပဲ သေသွားတယ်” မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article