28 C
Yangon

ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို ကြိုရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဒီပဲယင်း မြို့ပေါ်ရပ်ကွက်ကို မီးတင်ရှို့ ခဲ့သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးခန့် သေဆုံးနိုင်ဟုဆို

Must read

ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို ကြိုရန် ထွက်လာသည့် စစ်ကြောင်းကို တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဒီပဲယင်း မြို့ပေါ်ရပ်ကွက်ကို မီးတင်ရှို့ ခဲ့သော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးခန့် သေဆုံးနိုင်ဟုဆို

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာနှင့် ခေါက်ခူကျေးရွာကြားတွင် စစ်ကြောင်းကြိုရန် ထွက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်း စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယော ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) မှ ရဲဘော် ယောလေးက ပြောသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ထီးလင်းမြို့မှ တက် လာ သော အကြမ်းဖက်စစ်ကြောင်း ကို ကြိုဆိုရန် စစ်သား၊ ပျူစောထီး အင်အား ၅၀ ခန့်က ကား ၄ စီးဖြင့်ထွက်ခွာလာကြောင်း၊ ယင်းစစ်ကြောင်းကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသင့်ပြင်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ခန့်လဲကျသွားပြီး ၃ ဦး နေရာ တွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

YPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ အော်ဟစ်ဆဲဆိုပြီး မိုင်းထိနေရာမှ ရှေ့ဆက်မတိုးတော့ဘဲ သေဆုံးဒဏ်ရာရ စစ်သား၊ ပျူစောထီးများကို တင်ဆောင်ကာ ဂန့် ဂေါသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

မကွေးတိုင်း၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းသည် ဂန့်ဂေါမြို့ ဘက်သို့ ထွက်ခွာလာနေရာ လမ်းတလျှောက်တွင် မိုင်းဆွဲ တိုက် ခိုက် သဖြင့် အထိနာနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက် ခိုက်လာနိုင်သဖြင့် လမ်းတ လျှောက်ရှိ ကျေးရွာနေမိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ကြရန်နှင့် တိုက်ပွဲကြီးငယ် များဖြစ်ပေါ်လာနိုင်သဖြင့် သတိဖြင့် သွားလာနေထိုင်ကြရန် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က သတိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ကို မီးရှို့ဖျက်ဆီး ခဲ့ သော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၆ ဦးခန့်သေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) ထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဒီပဲယင်းမြို့ အနောက်ကွတ်သစ်ကို ရောက်လာသော အကြမ်းဖက် စစ်သားများကို Freedom Revolution Force (FRF)၊ တပ်ခွဲ ၁ ၊တပ်ခွဲ ၄ အဖွဲ့က ၄၀-မမ လက်နက်ကြီး ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ခန့် သေဆုံးခဲ့ကြောင်း၊ အထိနာသော အကြမ်း ဖက် စစ်သားများမှ ည ၁၂ နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရပ်ရှိ ပြည်သူ့ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- YPDF တပ်ဖွဲ့မှ အမျိုးသမီး တော်လှန်ရေး ရဲဘော်များ စစ်ကြောင်း လုံခြုံရေး ကင်းလှည့်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article