28 C
Yangon

စင်ကာပူ Keppel Land ကုမ္ပဏီ က ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ် လာ ၅၇ သန်းကျော်ဖြင့် ရောင်းချ

Must read

စင်ကာပူ Keppel Land ကုမ္ပဏီ က ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ် လာ ၅၇ သန်းကျော်ဖြင့် ရောင်းချ

ရန်ကုန်၊ မတ် ၆

မြန်မာနိုင်ငံတွင် ရန်ကုန် ဆီဒိုနားဟိုတယ်နှင့် Junction City တာဝါ အပါအဝင် ဟိုတယ်နှင့်တည်ဆောက်ရေး လုပ် ငန်း များတွင် တည်ဆောက် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူ Keppel Land ကုမ္ပဏီက သူ၏ လုပ်ငန်းရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်ကြောင်း စင်ကာပူ The Straits Times သတင်းစာက သတင်းဖော်ပြသည်။

စင်ကာပူ Keppel Land နှင့်လုပ်ငန်းခွဲ Double Peak Holdings တို့က ရာနှုန်းပြည့်ပိုင်ဆိုင်သော Greenfield Development ကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် Spring Blossom Ventures သို့ ရောင်းချခြင်းဖြစ်ပြီး ၃ ရစ်ခွဲ၍ ငွေပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။

Greenfield Development သည် မြန်မာနိုင်ငံတွင် ဆီဒိုးနားဟိုတယ်ကို လည် ပတ်လုပ်ကိုင်နေသည့် Straits Greenfield ကို ရာနှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းတန်ဖိုးရှိ လုပ်ငန်း အစုရှယ်ယာများ လွှဲပြောင်းရောင်းချမှုကို ၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရပြီး လွှဲပြောင်းရောင်းချမှုများ ပြီးစီးပါက ဆီဒိုးနားဟိုတယ် အပါအဝင် ဟိုတယ်လုပ်ငန်းများသည် စင်ကာပူ Keppel Land ကုမ္ပဏီအပိုင်မဟုတ်တော့ပေ။

Keppel Land အစုရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းကျော် ဖြင့် ဝယ်ယူသွားသည့် Spring Blossom Ventures ကုမ္ပဏီအကြောင်းကို အသေးစိတ် မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article