36 C
Yangon

စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို စစ်တပ်က ခေါင်းဖြတ်သတ်

Must read

စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို စစ်တပ်က ခေါင်းဖြတ်သတ်

ရန်ကုန်၊ မတ် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ မှ ဒုတပ်ရင်းမှူး ကိုဆင်းရိုင်း(ခ) ကိုဝေဖြိုးလျှံ(ခ)ကိုတာဇံကို အကြမ်းဖက်စစ်တပ်က ခေါင်းဖြတ်သတ်ကာ ဦးခေါင်းကို ယူ ဆောင်သွားကြောင်း Myaung Union Army -ပြည်သူ့ကာ ကွယ်ရေး တပ်မတော်-မြောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းက မြောင်မြို့နယ်၊ဆွဲလွဲအို ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက်စစ် တပ် ဘီလူး စစ်ကြောင်းရန်မှ ပြည်သူများကို ကယ်ထုတ်ရင်း ခုခံကာကွယ်ပစ်ခတ်ရာက အင်အား မမျှသဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ကိုဆင်းရိုင်း(ခ) ကိုဝေဖြိုးလျှံ(ခ) ကိုတာဇံ၏ ဦးခေါင်းကို ဖြတ်ကာ အကြမ်းဖက်စစ် တပ်မှ ယူဆောင်သွားကြောင်းသိရသည်။

“မနေ့က မြောင်နယ်ထဲကို ပြန်ဝင်လာတဲ့ ဘီးလူးစစ်ကြောင်းက ဒီမနက် ၆ နာရီကျော်ကျော်လောက်မှာ ဆွဲလဲအိုကျေးရွာကို ဝင်တယ်၊ အဲဒီမှာ ကိုဆင်ရိုင်းတို့က ပြည်သူတွေကို ကယ်ထုတ်ရင်း ခုခံပစ်ခတ်ရာက အင်အားမမျှ လွန်းတာကြောင့် ကာပစ်ပစ်ရင်းကျဆုံးခဲ့ရတာ၊ အခုသင်္ဂြိုလ်တဲ့အချိန်မှာ ဦးခေါင်းပြန်မရဘူး၊ ခွေးတွေက ဖြတ်ပြီး ယူသွားတာ” ဟု Myaung Union Army -ပြည်သူ့ကာကွယ်ရေး တပ်မတော်-မြောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် မြောင်မြို့နယ်၊ နဘတ်ကျေးရွာ၌ တပ်စွဲထားကြောင်း၊ ယနေ့မတ်လ ၃၀ ရက် နေ့ နံနက်ပိုင်းကလည်း ကျောက်ရစ်စခန်းရှိအကြမ်းဖက်စစ်သားများမှ နဘက်ရွာအတွင်းသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article