32 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထား

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထား

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ယနေ့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာမှ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ပြည်သူ ၄ ဦး ကျည်ထိမှန်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ စစ်ကိုင်းမြို့နယ်နှင့်၀က်လက်မြို့နယ် အစပ် ဆားတောင်နယ်ကို စစ်ကောင်စီတပ် စစ် ကြောင်းများက နယ်မြေရှင်းလင်းရေး အမည်တပ်၍ စစ်ကြောင်းထိုးလာကြောင်း၊ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး အနည်းဆုံးကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“သားပျောက်ကုန်း ၊ဒီလုံးပို ၊ဥရှစ်ကြီး ၊ကန်တော်ရိုး ၊ပေါက်မတောင်၊ ပေါက်မ မြောက်၊ မြိုင်ကုန်း၊ ကျီကုန်း ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရသော ကျေးရွာများတွင် ဒီလုံးပိုကျေးရွာတွင် အိမ်ခြေ ၁၀၀၊ သားပျောက်ကုန်းရွာတွင် အိမ်ခြေ ၄၀၀၊ ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊ ဦးရှစ်ကြီးကျေးရွာတွင် အိမ်ခြေ ၁၅၀ ၊ ကန်တော်ရိုးရွာတွင် အိမ်ခြေ ၁၅၀ ၊ ပေါက်မတောင်ရွာတွင် အိမ်ခြေ ၁၅၀၊ ပေါက်မ မြောက်ရွာတွင် အိမ်ခြေ ၁၅၀ ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ယမန်နှစ် နှောင်းပိုင်းကာလ စစ်တပ်က စစ် ကြောင်း ထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article