28 C
Yangon

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ် ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့၊ အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရ

Must read

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ် ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့၊ အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ကျေးရွာသား ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပြီးနောက်အလောင်း များအကြားတွင် မိုင်းနှင့်ဗုံးများထောင်ထားခဲ့သဖြင့် အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများ ကောက်မရကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေး ရွာ အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် အလောင်းများ အကြားတွင် မိုင်းနှင့် ဗုံးများထောင်ခဲ့သဖြင့် အလောင်း ၆ လောင်းသာ သဂြိုလ်နိုင်ပြီး ကျန်အလောင်းများကို ကောက် မရကြောင်း သိရှိရသည်။

“စစ်တပ်က ဖမ်းသွားတဲ့ လူသားဒိုင်း ၁၅ ဦးလုံးကို စစ်တပ်က သတ်ဖြတ်လိုက် ပါပြီ။ အလောင်း ၁၅လောင်းလုံးတွေ့ရှိပါတယ်။ ၆ လောင်းပဲ ကောက်ယူလို့ရပြီး သဂြိုဟ်ရသေးတယ်။ ကျန်အလောင်းများ ကောက်ဖို့ အခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းတွေအကြား ဗုံးများထည့်ပြီး မိုင်းတွေခင်းခဲ့လို့ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က တာတိုင်ကျေးရွာမှ လူသားဒိုင်း အဖြစ် ကျေးရွာသား ၁၅ ဦးကို ဖမ်း ဆီး ခေါ်ဆောင်ပြီး မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တာတိုင်ကျေးရွာ မှ ဆုတ်သွာသွားတဲ့ စစ်ခွေးစစ်ကြာင်းသည် ဓားစာခံ ၁၅ ဦးကို ဖမ်းဆီခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲတွင် ဓားစာခံ၁၅ ဦးထဲမှ ၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါတယ်။ အသတ်ခံရသူတွေက ကိုထွန်းထွန်း (အသက် ၃၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုစိုးနိုင်(အသက် ၄၇နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်စိုး (အသက် ၃၅နှစ်-တာတိုင်ကျေးရွာ)၊ ကိုငလင်း(အသက် ၄၅နှစ်- တာတိုင်ကျေးရွာ)၊ ကိုကျော်ကျော် (အသက် ၃၄နှစ်-တာတိုင်ကျေးရွာ) တို့ဖြစ်ပါတယ်။ နောက်ထပ် ကျန်တဲ့ သူအားလုံးကို သတ်ဖြတ်သွားပါတယ်။ နောက်ထပ် ၈လောင်းတွေ့ထပ်တွေ့တယ်။လက်ရှိ ၆လောင်း ကို မီးသဂြိုဟ်ဖို့လုပ်နေပါတယ်။ ညောင်ရင်းနဲ့ မူး၀ရွာထောင် အကြား ၈လောင်းထပ်တွေ့တယ်။ ကျန်တဲ့ အလောင်းတွေလည်း ဆက်ရှာ နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈အိမ်သာရှိသည့် ရွာ​တစ်ရွာဖြစ်ပြီး ဧရာဝတီမြစ် နှင့် မူးမြစ်တို့ဆုံသည့်နေရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းတွင် တည်ရှိသည်။

ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်လိုက်သော ကျေးရွာသား ၆ ဦးအလောင်းများကို သယ်ယူလာစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article