36 C
Yangon

စစ်ကောင်စီက စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့်မပေးတော့ဘဲ စိစစ်ပိတ်ပင်မည်ဟု ဒုစစ်ခေါင်း စိုးဝင်းပြောဆို

Must read

စစ်ကောင်စီက စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့်မပေးတော့ဘဲ စိစစ်ပိတ်ပင်မည်ဟု ဒုစစ်ခေါင်း စိုးဝင်းပြောဆို

■ စစ်ကောင်စီတွင် ရေရှည် အမေရိကန်ဒေါ်လာ ဝင်ငွေ ရပေါက်ရလမ်း မရှိသလောက် နည်းပါးလာနေ၍ နိုင်ငံ ခြားငွေ လျှော့သုံးစွဲရန် စီမံချက်ချ

ရန်ကုန်၊ မတ် ၁၀

မြန်မာနိုင်ငံသို့ စက်ဆုံးဆီ တင်သွင်းမှု လျော့ချရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ လုပ်ဆောင်ရန် ရှိနေပြီး စက်သုံးဆီများ လိုသလောက် တင်သွင်းခွင့် ပေးတော့မည်မဟုတ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ဘဏ္ဍာရေးအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

“စိစိစစ်စစ် ခွင့်ပြုမယ်ဆိုတာ လိုသလောက်၊ ဆီသမားတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဘက်က တင်ပြသလောက် ပေးမသွင်းတော့ဘူးလို့ ပြောတာ။ အခုလည်း ထိန်းချုပ်ထားတာပါပဲ။ ဆီစျေးနှုန်းရော တင်သွင်းမှုရော စစ်တပ်က ထိန်းထားတာ။ သူတို့မှာ နိုင်ငံခြားငွေ နည်းလာလို့ လိုသလောက်၊တင်ပြသလောက် ပေးမသွင်းတော့ဘူးလို့ ပြောတာ။ အခြေအနေ ဒီထက် ပိုဆိုးလာမှာပေါ့” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း ဆီတင်သွင်းသည့် ခရိုနီလုပ်ငန်းရှင်များအသင်းက ဆီဆိုင်များ တရားမဝင် ဆီသိုလှောင်ခြင်း ၊ တင်သွင်းလာသည့် ဆီများ ပျောက်ဆုံးခြင်းမရှိစေရေး ဆောင်ရွက်ရန် ဆီဆိုင်များနှင့် ဆီလုပ်ငန်းရှင်များကို ညွှန်ကြားချက်တစ်ရပ် ယနေ့ ထုတ်ပြန်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပိတ်ဆို့ခံရခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ထွက်ခွာခြင်းတို့ ကြုံနေရသော အကြမ်းဖက်စစ်ကောင်စီတွင် နိုင်ငံခြားဝင်ငွေ နှင် အမေရိကန်ဒေါ်လာ ရပေါက်ရလမ်း နည်းလာနေကြောင်း၊ ထိုအချိန်တွင် နိုင်ငံခြားငွေ စီးထွက်မှုကို တားဆီးရန် စစ်ကောင်စီက သွင်းကုန်မှန်သမျှကို ပိတ်ပင်လျက်ရှိပြီး ယခုနောက်ဆုံးတွင် စက်သုံးဆီ တင်သွင်းမှု မဖြစ်မနေ လျှော့ချရေးအတွက် ဆီတင်သွင်းမှုများကို လိုသလောက် တင်သွင်းခွင့်မပေးတော့ရန် စစ်ကောင်စီက စီမံလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာဝင်ငွေမရှိဘဲ ရှိတာ ထိုင်စားခဲ့ရတော့ ရှိတာလေး ကုန်ခါနီး နောက်ဆုံးမှာ အသုံးစရိတ်လျှော့ဖို့ လုပ်လာရတာပါ။ အဲဒီသဘောတရား အတိုင်း လက်ရှိ အခြေအနေက ဖြစ်နေတာပါ။ နိုင်ငံခြားဝင်ငွေ နည်းလာတာကတော့ သူတို့ လည်း သိနေတာပဲ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း

မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article