32 C
Yangon

စစ်ကောင်စီ လက်အောက်ရှိ Non -CDM ဝန်ထမ်းများ ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား CDM လုပ်ကြရန်နှင့် CDM မလုပ်လျှင် အရေးယူမည်ဟု TNLA က တရားဝင် သတိပေးကြေညာ

Must read

စစ်ကောင်စီ လက်အောက်ရှိ Non -CDM ဝန်ထမ်းများ ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား CDM လုပ်ကြရန်နှင့် CDM မလုပ်လျှင် အရေးယူမည်ဟု TNLA က တရားဝင် သတိပေးကြေညာ

ရန်ကုန်၊ မတ် ၈

တအာင်းပြည်နယ်တွင် ရှိနေကြသည့် စစ်ကောင်စီ Non -CDM ဝန်ထမ်းများအနေဖြင့် ဩဂုတ်လ ၈ ရက်နေ့ နောက် ဆုံးထား CDM လုပ်ကြရန်နှင့် CDM မလုပ်လျှင် အရေးယူမည်ဟု TNLA က တရားဝင် သတိပေးကြေညာ လိုက်ကြောင်း TNLA သတင်းထုတ်ပြန်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရန် လိုအပ်ကြောင်း၊ CDM လုပ်ရန် ကာလအနေဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ အထိ ၆ လတာ အချိန် သတ်မှတ်ပေးထားကြောင်း၊ ယင်းသတ်မှတ် ကာလ ကျော်လွန်ပါက CDM မလုပ်သည့် စစ်ကောင်စီ Non-CDM ဝန်ထမ်းများကို TNLA က အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ရေးရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။

“မနေ့က ကြေညာပါတယ်။ တအားပြည်နယ်အတွင်းမှာရှိတဲ့ Non-CDM တွေအကုန်လုံး CDM လုပ်ရမယ်။ CDM လုပ်ပြီးမှ Non-CDM ပြန်လုပ်သွားတဲ့ ဝန်ထမ်းတွေ CDM လုပ်ရမယ်။ အချိန်ကာလက ၆ လသတ်မှတ်ထားပါတယ်။ အဲဒီ သတ်မှတ်ကာလ ကျော်ရင်တော့ ဥပဒေအရ အရေးယူသွားမယ်” ဟု TNLA သတင်းထုတ်ပြန်ရေးရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ ရှမ်းပြည်နယ် ၊ လားရှိုး၊ နမ့်ဆန်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် TNLA တပ်များအကြား စစ်ရေးတင်းမာ လျက်ရှိပြီး ထိတွေ့ တိုက်ပွဲများ မကြာ ခဏ ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article