37 C
Yangon

စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ

Must read

စစ်တပ်က လူမှုကွန်ရက်များတွင် အလုပ်ခေါ်စာများ လိမ်တင်ပြီး လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း၊ မြို့နယ်ရဲမှူးများကို တပ်သားသစ်စုဆောင်းရန် စစ်တပ်က တာဝန်ပေးသဖြင့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၂၀

အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ် ခေါ် စာများ လိမ်လည်တင်ပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး‌ ခေါ်သည်ဟုဆိုကာ ခေါ်တွေ့ပြီး တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။

ထိုအချိန်တွင် စစ်တပ်က ထိုသို့ စစ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြောင်း၊ အလုပ်လို၍ လာသော လူငယ် များကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံဝန်လက်မှတ်များထိုး တပ်သား သစ်အဖြစ် စုဆောင်းကြောင်း၊ ထိုကဲ့သို့ စနစ်ကို အသုံးပြုလျက်ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေချိန် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ် များ သတိပြုရန်လိုအပ်ကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်း အရင်း အမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

“အာဏာသိမ်းမှုကြောင့် နိုငိငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ် လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံတွေမှ အခြေခံ အလုပ်သမားတွေနဲ့ နယ် ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သား စု ဆောင်း နေတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီက တပ်အရာရှိများနှင့် စစ်သည် များကို ပုံစံမျိုးဖြင့် လိမ်လည် စုဆောင်းခွင့်ပြုထားပြီး အဓိကအားဖြင့် တပ်သား သစ် ရရှိ ရန်ဖြစ်ကြောင်း သိရှိရသည်။

“တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) အပတ် စဉ် ၁၁ ကျောင်းဆင်း ရေတပ် တပ်ကြပ်ကြီး ထွန်းမင်းအောင်ဆိုရင် ၁၀ တန်း အမှတ် စာရင်း ဆိုပြီး Page ထောင်တယ်။ သတင်းတွေ ကူးတင်တယ်။ အလုပ် ခေါ်စာတွေ တစ်ချက်ချက် တင်တယ်။ မသိနားမလည်တဲ့ လူငယ်တွေ အဲဒီ Page မှာ အမှတ်စာရင်း တောင်းတာ၊ အလုပ် သွားမေးတာဆိုရင် လာတွေ့ဖို့ ခေါ်ယူပြီး လူငယ်တွေကို လိမ်ခေါ်တယ်။ ကလေးတစ်ယောက်ရရင် သူ့အတွက် ငွေက သိန်းချီရတယ်။ တချိူ့ မသိ နားမလည်တဲ့ကလေးတွေ၊ အသက်မပြည့်တဲ့ ကလေးတွေ တပ်ထဲကို ပုံစံမျိုးနဲ့ ရောက်တာရှိတယ်။ တချို့ ကလေးတွေဆိုရင် မိဘတွေက ငွေကျပ် သိန်းဆယ်နဲ့ချီပေးပြီး သူ့ဆီက လိုက်ရွေးရတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထို့ပြင် မြို့နယ်ရဲမှူးများကိုလည်း ရဲစခန်းတစ်ခုလုံးအနေဖြင့် တပ်သားသစ်များ မဖြစ်မနေ စုဆောင်းပေးရန် ပြည်ထဲရေးဝန်ကြီးဌာနဘက်က ညွှန်ကြားပြီး တပ် သားသစ် မရှာပေးနိုင်သည့် မြို့နယ်ရဲမှူးများကို နေပြည်တော် သို့ ခေါ်ယူ၍ သတိပေး ခံဝန် လက်မှတ်ထိုးခိုင်းကြောင်း သိရှိရသည်။

“မြို့နယ် ရဲမှူးတွေကို တပ်သားသစ်တွေ ရှာခိုင်းပါတယ်။ ရှာခိုင်းတာမှာ ရှာ လို့မရင် နေပြည်တော်သွား လက် မှတ်ထိုးရတာ။ တပ်သားသစ် မရှာနိုင်တာ ၃ ကြိမ် ဆိုရင် အရေး ယူခံရမယ်ဆိုပြီး သတိပေးတယ်။ ရဲတွေက လမ်းပေါ်က လူငယ် တွေကို ဖမ်းပြီး ခြိမ်းခြောက် တပ်သားသစ်စုဆောင်းတာတွေ လုပ်ပေး ရတယ်။ လမ်းပေါ်မှာ အရက်သောက်တဲ့ လူငယ်တွေတချို့ တပ်သားသစ်အဖြစ် စုဆောင်းခံရတာ ဒီရက်ပိုင်းတွေမှာရှိပါတယ်။ တချို့လူငယ်တွေ ပျောက်သွား တယ်ဆိုတာ အဲဒါမျိုးတွေ။ပေါ်တာဆွဲခံရပြီး တပ်ထဲရောက်တာ။ တတ်နိုင်တဲ့ မိဘတွေက သိန်း ၂၀ ကနေ ၅၀ လောက်အထိ သုံးပြီး သားသမီးတွေကို ပြန်ရွေး ရတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- တပ်သားသစ် စုဆောင်းခံရသည့် လူငယ်တချို့။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article