37 C
Yangon

စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ကို ဝန်ထမ်းများ မဖြစ်မနေ သွားကြည့်ပြီး ရုပ်ရှင်လက်မှတ် ပြန် တင်ပြရန် ဌာနဆိုင်ရာများကို ညွှန်ကြား

Must read

စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ကို ဝန်ထမ်းများ မဖြစ်မနေ သွားကြည့်ပြီး ရုပ်ရှင်လက်မှတ် ပြန် တင်ပြရန် ဌာနဆိုင်ရာများကို ညွှန်ကြား

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်ကောင်စီက စစ်တပ် ကောင်းကြောင်း ဝါဒဖြန့် ရန်အတွက် အဓိ က ငွေအကုန်အကျခံ ရိုက်ကူးထားသည့် စစ်တပ် ဝါဒဖြန့် ရုပ်ရှင် “စောင်နီလေး တစ်ထည်” ရုပ်ရှင်ကို ဌာနဆိုင်ရာ ဝန်ထမ်းများ သွားရောက် ကြည့်ရှုပြီး ရုပ်ရှင် လက်မှတ်ကို သက်ဆိုင်ရာဌာနအကြီးအကဲများထံ တင်ပြကြရန် ခိုင်းစေ ထား ကြောင်း သိရှိရသည်။

စစ်တပ်၏ ကောင်းကြောင်းကို ရိုက်ကူး ဝါဒဖြန့်ထားသော စောင်နီလေး တစ် ထည် ရုပ်ရှင်ကို မတ်လ ၁၈ ရက်နေ့တွင် စတင် ရုံတင်နေပြီး ရန်ကုန်တွင် သမ္မတ ရုပ်ရှင်ရုံ၊ JCGV ၁ ရုံ၊ မြ၀တီမီဒီယာစင်တာရှိ Star Cinema တို့တွင် လည်း ကောင်း၊ မန္တလေးတွင် ဝင်းလိုက်ရုပ်ရှင်ရုံ၊ နေပြည်တော်တွင် ဥတ္တရသီရိ Ocean JCGV ၊ ဇေယျာသီရိ တို့တွင် ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူမရှိ၍ ဝန် ထမ်း များ သွားရောက် ကြည့်ရှုကြရန်နှင့် ကြည့်ရှုပြီး လက်မှတ်များကို ဌာန ဆိုင် ရာ အကြီးအကဲများထံ တင်ပြကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရ သည်။

“အဲဒီ ပေါ်လစီရုပ်ရှင်ကို တပ်မတော်နေ့မတိုင်မီလည်း TV မှာ ပြမယ်။ အဲဒါ အခုက ရုံတင်ထားတာ ကြည့်မယ့်သူမရှိလို့ ဝန်ထမ်းတွေ အားလုံးသွား ကြည့်ခိုင်း တယ်။ ကြည့်ပြီးရင် ရုပ်ရှင်လက်မှတ် တင်ပြခိုင်းတယ်။ ဌာနဆိုင်ရာ တွေက ညွှန်ကြားလည်း သိပ်လုပ်ကြတာမဟုတ်တော့ ကြည့်၊ မကြည့် သေချာ အောင် ရုပ်ရှင်လက်မှတ် ပြန်တောင်း တာ။ ကျနော်တို့ဌာနမှာတော့ သွားကြည့် ပြီးသား ရုပ်ရှင်လက်မှတ်တွေကို သက်သေအဖြစ် ပြန်တင်ပြဖို့ စီမံ ညွှန်မှူးက အမိန့်ပေးနေတာ။ မထော်မနန်းတွေ ခိုင်းနေတာအတော်တော့ ဒုက္ခရောက် တယ်” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောသည်။

စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့ တော် ) ရိုက်ကူးထားပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ Lနေနော်၊ Lဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေး တို့ကဲ့သို့သော စစ် တပ်ထောက်ခံသည့် သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကင်းရှိ မြ၀တီမီဒီယာစင်တာ၊ Star Cinema တွင် စောင်နီလေးတစ်ထည် ရုပ်ရှင် Red Carpet Show အခမ်းအနား ပြုလုပ် ခဲ့ပြီး စစ်တပ်ထောက်ခံသော သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article