28 C
Yangon

စစ်အာဏာသိမ်းထားမှုကြောင့် ကမ္ဘာကျော် လူသုံးကုန်ရောင်းဝယ်ရေး ကုန် အမှတ် တံဆိပ် ဗြိတိန် Mark & Spencer နှင့် ဂျပန် Uniqlo ဖက်ရှင် အဝတ်အထည် လုပ်ငန်းများ မြန်မာနိုင်ငံမှ တစ်ပြိုင်နက်တည်း ထွက်ခွာ

Must read

စစ်အာဏာသိမ်းထားမှုကြောင့် ကမ္ဘာကျော် လူသုံးကုန်ရောင်းဝယ်ရေး ကုန် အမှတ် တံဆိပ် ဗြိတိန် Mark & Spencer နှင့် ဂျပန် Uniqlo ဖက်ရှင် အဝတ်အထည် လုပ်ငန်းများ မြန်မာနိုင်ငံမှ တစ်ပြိုင်နက်တည်း ထွက်ခွာ

ရန်ကုန်၊ မတ် ၃၁

အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာ ကျော် လူသုံးကုန်ပစ္စည်းရောင်းချရေး ဗြိတိန် ကုမ္ပဏီ Mark & Spencer နှင့် ဂျပန် ဖက်ရှင်အဝတ်အထည်ကုမ္ပဏီ Uniqlo တို့က မြန်မာနိုင်ငံမှ တစ်ပြိုင်နက် တည်း ထွက်ခွာသွားကြောင်း သိရှိရသည်။

အဝတ်အထည်၊ အစားအသောက် အပါအဝင် လူသုံးကုန်ပစ္စည်းများ ရောင်းချနေ သော ကမ္ဘာကျော် ဗြိတိန် ကုမ္ပဏီ Mark & Spencer က စစ်အာဏာ သိမ်းပြီး နောက် မြန်မာနိုင်ငံဖြစ်ပွားနေသော လူ့အခွင့် အရေး ချိုးဖောက်မှု များကြောင့် ယမန်နှစ်ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် မတ်လအတွင် အပြီးသတ် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ပြည်ပ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများဖြစ်ကြသည့် H & M ၊ C & A ၊ Primark ၊ Aldi South Group နှင့် Tesco တို့မှာလည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။

နိုင်ငံတကာ ETI အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ အတင်းအဓမ္မ လုပ်အားပေးမှုများ၊ အလုပ်သမားအခွင့်အရေး ဖိနှိပ်ခံရမှုများ၊ နိုင်ငံတကာ အဆင့်အတန်းမီ အလုပ်သမား အခွင့်အရေးများ မရှိနိုင်တော့သည့် အခြေ အနေများ ဖြစ်ပေါ်နေကြောင်း ဖော်ပြပြီးနောက် ကမ္ဘာကျော် ပြည်ပ ရင်းနှီးမြုပ် နှံမှု ကုမ္ပဏီကြီးများ အားလုံး မြန်မာနိုင်ငံမှ ထွက်ခွာနေကြခြင်းဖြစ်သည်။

အလားတူ နိုင်ငံတကာတွင် ရေပန်းစား လူကြိုက်များသည့် ဂျပန် အဝတ်အထည် ဖက်ရှင်ကုမ္ပဏီကြီး Uniqlo ကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ပြီး နောက် ဖြစ်ပေါ်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသည်။

Uniqlo က မြန်မာနိုင်ငံရှိ ၎င်း၏ အထည်ချုပ်စက်ရုံများ၊ အဝတ်အထည် ချုပ် လုပ် မှုများ အပါအဝင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article