27 C
Yangon

စဥ့်ကူး၊ သဲအင်းရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ မတ္တရာရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုနေအိမ် ၃၈ လုံးပြာကျ

Must read

စဥ့်ကူး၊ သဲအင်းရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်၊ မတ္တရာရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုနေအိမ် ၃၈ လုံးပြာကျ

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ သဲအင်းရွာသား ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သဲအင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၂ ဦး ကိုဖမ်းဆီးနှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက အခုထိ သဲအင်းရွာထဲမှာ ရှိနေတယ်။ စစ်ခွေးတွေက ရွာအနောက်ဘက်ကို လက်နက်ကြီး တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၈ လုံးပြာကျခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် မတ္တရာမြို့နယ်အတွင်းရှိ မြွေကြည်ကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံး၊ မြွေကတို့ဆိပ်ရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံး၊ မြွေပုသိမ်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မြွေရွှေခဲရွာမှ ပြည်သူပိုင် နေအိမ် ၃၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

” စစ်ခွေးတွေ မီးရှို့လို့ ကျေးရွာ ၄ ရွာက ပြည်သူပိုင် နေအိမ် ၃၈ လုံးပြာကျခဲ့တယ်။ စစ်ခွေး စစ်ကြောင်းတွေက ရှိနေသေးတော့ ကျေးရွာထဲက ပျက်စီး ဆုံးရှုံးမှုနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article