34 C
Yangon

ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အမျိုးသမီးများ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အမျိုးသမီးများ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၈

ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ဦးဆောင်ကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် “အညာအမျိုးသမီးသပိတ်”၊ “သာတူညီမျှမှုနဲ့ အတူချီတက် အာဏာရှင်တို့ အဆုံးသတ်” စာတန်း ကိုင်ဆောင်ကာ ယနေ့ မတ်လ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီနေ့ မတ်လ ၈ ရက်နေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ကျမတို့အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှဦးဆောင်ကာ လမ်းမထက် ချီတတ် ဆန္ဒပြခဲ့ကြပါတယ်။အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ”ဟု အညာပစ်တိုင်း ထောင်လေးများ အဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article