38 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့တွင် မုံရွာမြို့ နန်ချွန် ဆိပ်ကမ်းမှ စက်လှေဖြင့် ကူးလာသော အကြမ်းဖက် စစ်တပ်မှ စစ်သားများက ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်း နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စီးနင်းမှုကြောင့် ညောင်ပင်ကြီး ၊ ရွာရှည် ၊ ထန်းတော ၊ သိမ်တော် ၊ နှင်းတော ၊ ရွှေအင်းလေး ၊ ထန်းတောကြီး ၊ ရုံးပင်ရိုး ၊ အောင်ချမ်းစည် ၊ စသည့် ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

” အခုလက်ရှိ စစ်ခွေးတွေ ဝင်မွှေနေလို့ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းက ကျေးရွာတွေ ရှောင် တိမ်းနေရပါတယ်။ အင်အား ၂၀ ကျော်ရှိတဲ့ စစ်ခွေးတွေက မုံရွာနန်ချွန် ဆိပ်ကမ်းကနေ စက်လှေနဲ့ ကူးလာပြီး ညောင်ပင်ကြီး စစ်ခွေး စခန်းထဲသို့ ဝင်ရောက်ခဲ့တယ်။ အဲဒီကနေ ကျေးရွာတွေကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေ​တာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article