33 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေပြီး ဆားထုံးကျေးရွာအုပ်စု၊ တုံကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဆားလင်းကြီးမြို့ပေါ်က စစ်ခွေးတွေ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ အုပ်စု ၃ အုပ်စုမှာရှိတဲ့ ကျေးရွာ ၁၅ ရွာက ပြည်သူ ၁၀၀၀၀ ကျော် စစ်ရှောင်နေကြရတယ်။ အခု စစ်ခွေးစစ်ကြောင်းက နတ်ကျွန်းရွာမှာ စုနေကြတယ်” ဟု အညာပစ်တိုင်း ထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article