30 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု​ နေအိမ် ၁၂ လုံးပြာကျပြီး ပြည်သူ ၇ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွား

Must read

ဆားလင်းကြီးရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု​ နေအိမ် ၁၂ လုံးပြာကျပြီး ပြည်သူ ၇ ဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု​ နေအိမ် ၁၂ လုံးပြာကျခဲ့​ပြီး ပြည်သူ ၇ ဦး ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝဲကွဲရွာနှင့် လက်ပံတောင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝဲကြီးရွာမှ ပြည်သူ ၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

“ဝဲကွဲကျေးရွာက နေအိမ် ၁၁ လုံးမီးရှို့ခံရတယ်။ လက်ပံတောင်းကျေးရွာက နေအိမ် ၁ လုံး မီးရှို့ခံရတယ်။ ဝဲကြီးကျေးရွာက ပြည်သူ ၇ ဦးကိုလည်း စစ်ခွေးတွေက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ စစ်ခွေးတွေက နံနက် အစောပိုင်းလောက်ကတည်းက ဝင်နေတာ အင်အား ၁၀၀ လောက်နဲ့ အဲစစ်ခွေး စစ်ကြောင်းက ဆားလင်းကြီးကို ပတ်မွှေနေတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်း မတ်လ ၁၃ ရက်နေ့က စတင်ကာ ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ယင်း စစ်ကြောင်းသည် လက်ပံတောင်းမှ စက်လှေဖြင့် မုံရွာ ဇာတ်ဆိပ်သို့ ကူးပြီး ကား ၄ စီးဖြင့် မုံရွာမြို့သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ဓာတ်ပုံ-AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article