36 C
Yangon

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

Must read

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် တနင်္သာရီမြို့ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် လယ်သစ်အရှေ့ကမ်းရွာကို လက်နက်ကြီး များဖြင့် ပစ်ခတ်ရာ လက်နက်ကြီး ၃ လုံးသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကြောင်း၊ ကျေးရွာတွင် သတို့သမီး တောင်းရမ်းနေသည့် မင်္ဂလာပွဲ ပြုလုပ်နေချိန်ဖြစ်ကြောင်း ၊ စစ်တပ်၏ လက်နက်ကြီး ကျည်ထိမှန်၍ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက် ကြီး ရွယ်အိုတွေ ထိတာများတယ်။ သေဆုံးတဲ့ ကလေးငယ်ရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်နက်ကြီးထိမှန် ဒဏ်ရာရသူ ပြည်သူ ၆ ဦးတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ ဦးတင်ဝင်း၊ ဦးနိုင်ဝင်းတို့ ပါဝင်ကြောင်း ၊ လယ်သစ်ရွာကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး မကြာခဏတိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း ၊ သို့သော်လည်း ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှလည်း မရှိဘူး။ ပစ်တဲ့အချိန်ရွာမှာ မင်္ဂလာဆောင်ငွေအပ်ပွဲ (မိန်းမတောင်းရမ်းပွဲ) လုပ်နေတဲ့အချိန် ပစ်လိုက်တာပါ။ ရွာသားတွေ နာကုန်တာပေါ့” ဟု ဒေသခံနောက်အမျိုးသားတစ်ဦးက ပြောသည်။

(Dawei Watch သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article