38 C
Yangon

တာတိုင်ရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှု၊ အမျိုးသား ၁၄ ဦးကို သတ်ဖြတ်မှုတွေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းက ဘယ်လို ကျူးလွန်ခဲ့သလဲ

Must read

တာတိုင်ရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှု၊ အမျိုးသား ၁၄ ဦးကို သတ်ဖြတ်မှုတွေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းက ဘယ်လို ကျူးလွန်ခဲ့သလဲ

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး အနက်မှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ကို စစ်တပ်က မတ်လ ၂ ရက်နေ့ တွင် ကျူးလွန်ခဲ့သည်။

တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းမှာ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဖြစ်ပြီး တာတိုင်ကျေးရွာသို့ ဝင်ရောက်စီးနင်းခြင်းမပြုမီ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ ကန်တော်တိုက်ပွဲတွင် ဒဏ်ရာရထားသည့် PDF ရဲဘော် ၄ ဦးကို ရက်ရက်စက်စက်ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

ယင်းနောက် မတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ၊ တာတိုင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်။

မတ်လ ၂ ရက်နေ့ စစ်ကောင်စီဝင်များ တာတိုင်ကျေးရွာမှာထွက်ခွာသွားချိန်တွင်မူ တာတိုင်ကျေးရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုင်ကယ်(ခ) ကိုကျော်ဇော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ခေါင်း ခြေ၊ လက် စသည်များကို ဖြတ်တောက်၍ ဗိုက်ဖောက်ထုတ်ကာ ကိုယ်တွင်းကလီစာများကို ခန္ဓာကိုယ်ပေါ် တင်ထားခဲ့ခြင်းဖြစ်သည်။

PDF ရဲဘော် မိုက်ကယ်ကို သတ်ဖြတ်ပြီးနောက် တာတိုင်ကျေးရွာမှ ဒေသခံပြည်သူ ၁၇ ဦးကို မတ်လ ၂ ရက်နေ့ တာတိုင်ကျေးရွာမှာ ပြန်လည်ထွက်ခွာချိန်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းခံရသည့် ပြည်သူများမှ ဦးကျော်ကျော်၊ ဦးချစ်ကောင်း၊ ဦးကျော်စိုး၊ ဦးစိုးနိုင်၊ ဦးလင်း၊ ဦးထွန်း၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်၊ ဦးသိန်းထိုက်၊ ကိုဇော်ဖြိုး၊ ဦးကျော်မိုး(ခ) ဦးထီလာ၊ ကိုနိုင်လင်းအောင် (ခ) ရာဟု၊ ဦးဝင်းဌေး၊ ဒေါ်ပန်းသွယ်၊ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး တို့ဖြစ်သည်။

“ဝင်ဝင်လာချင်းတုန်းကတော့ ကျွန်တော်တို့တွေက ကောင်းကောင်း မသိရဘူးပေါ့။ ဘာကြောင့် မသိရလဲဆိုတော့ သူတို့က PDF လို့ ‌ပြောပြီး ဝင်လာတဲ့အခါ‌ တွေ့တဲ့ကလေးတွေက PDF လို့ ထင်နေကြတာ တချို့ကလည်း PDF လို့ ထင်နေကြတာ။ ဖြန့်ပြီး ဝင်နေကြတာဆိုတော့ ရွာမြောက်ဖျားက ဝင်နေကြတာကို ရွာတောင်ဖျားက ဟုတ်ကောဟုတ်ရဲ့လားလို့ ထင်ရတယ်ပေါ့။ ဟုတ်မှ ဟုတ်ပါ့မလားပေါ့။ ဟုတ်သည်ဖြစ်ဖြစ် မဟုတ်သည်ဖြစ်ဖြစ် တချို့တလေကတော့ ပြေးကြတယ်ပေါ့။ တချို့တလေကတော့ မပြေးတဲ့အခါကျတော့ မိကုန်တာပေါ့” ဟု တာတိုင်ကျေးရွာသား ကိုမြင့် က ပြောကြားသည်။

စစ်တပ်က ပြည်သူ ၇၀ ဦးကျော်ကို ဘုန်းကြီးကျောင်းထဲ ဖမ်းခေါ်ကာ စုစည်းပြီး ရိုက်နှက်ခဲ့ကြပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်မှာ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ လွတ်လာချိန်တွင် အဖမ်းခံခဲ့ရသော ပြည်သူအားလုံး ကြောက်လန့် တုန်လှုပ်နေကြသည်။

ဖမ်းဆီးသွားသည့် ပြည်သူများထံမှ ကိုထွန်းထွန်း၊ ကိုစိုးနိုင်၊ ကိုကျော်စိုး၊ ကိုလင်းနှင့် ကိုကျော်ကျော်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်‌နေ့ နေ့လယ် ၁၂ နာရီတွင် ညောင်ရင်းကျွန်းပေါ် သရက်ခြံအတွင်း တွေ့ရှိခဲ့ပြီး ညောင်းရင်းကျေးရွာထဲတွင်မူ ဒေါ်ပန်းသွယ်၊ ဒေါ်ပန်းနွယ်၊ ဒေါ်ဆွေဆွေဦး၊ ဦးသိန်းထိုက်၊ ဦးထီလာ၊ ဦးဇော်ဖြိုး၊ ဦးဝင်းဌေး၊ ဦးအောင်အောင်၊ ကိုရဲလင်းအောင်တို့၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလောင်းတွေက ပြန့်ကျဲနေတာ တစ်နေရာနဲ့ တစ်နေရာဆို မီတာ ၅၀ အကွာလောက်တို့ အဲဒွမျိုး ပြန့်ကျဲနေတာ ရှိတယ်။ အမျိုးသမီးရုပ်အလောင်း ၃ လောင်းဆိုလည်း သပ်သပ် အဲဒါမျိုး တွေ့၇တယ်။ ကျန်တဲ့ အမျိုးသား ရုပ်အလောင်း ၄ လောင်း တစ်စုတို့ ၂ လောင်းတစ်စုတို့ အဲဒါမျိုးတွေ ကွဲကွဲပြားပြားတွေ။ ကျွန်တော်တို့ ယူဆမှုအရတော့ ဒီဟာတွေက ခွဲပြီးတော့ လွှတ်ပြီးတော့ နေက်ကနေ သေနတ်နဲ့ ပစ်တဲ့ပုံစံမျိုး။ တချို့ သေနတ်ဒဏ်ရာတွေ တွေ့တဲ့ဟာလည်း ရှိတယ်။ ဦးခေါင်းတွေ ရိုက်ခွဲထားပြီးတော့ ကွဲနေတဲ့ဟာမျိုးလည်း ရှိတယ်။ အမျိုးသမီး ရုပ်အလောင်းတွေဆိုရင် အကုန်လုံး ကစဉ့်ကလျားနဲ့ အင်္ကျီအဝတ်အစားတွေပါ မြင်မကောင်းအောင် ။ အဲဒါတွေ ကျွန်တော်တို့ ဆွဲဖုံးပြီးတော့ ။ တချို့ကလည်း ကြိုးနဲ့ ဆွဲကြပါ။ ဘာတွေ ညာတွေထောင်ထားခဲ့မှာစိုးလို့ ။ နောက်ထပ် ၉ လောင်း ကောက်တာ ခဲရာ ခဲဆစ်ကောက်ခဲ့ရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ကိုဟွန်ဒါက ပြောဆိုသည်။

ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်ကတော့ ပါသွားတဲ့အထဲမှာ ကျွန်တော့်မိသားစု ၄ ယောက် ပါသွားတာပေါ့။ အမေ့တစ်ယောက်ပါတယ်။ ညီတစ်ယောက်ပါတယ်။ ယောက်ဖတစ်ယောက်ပါတယ်။ အဒေါ်တစ်ယောက်ပါတယ်ပေါ့။ ဒီလိုအချိန် ဘယ်လိုပြောလို့ ပြောရမလဲမသိတဲ့ ခံစားမှုမျိုး စိတ်ထဲမှာ ရှိတယ်ဗျ။ ဒါပေမဲ့လို့ များပြီးတော့၊ နောက်ဒီလို အဖြစ်ဆိုးမျိုး ထပ်ပြီးတော့ မကြုံတွေ့ရရင် ရရင် ကောင်းမယ်။ ဒါ ကျွန်တော်ကနေ မျှဝေချင်တဲ့ သဘောပါပဲ” ဟု မိသားစုဝင် ၄ ဦး ဆုံးရှုံးလိုက်ရသူ တာတိုင်ကျေးရွာသား ကိုနိုင်သူအောင်က ပြောသည်။

ကျန် ဓားစာခံနှစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်(ခ)ရာဟုနှင့် ဦးချစ်ကောင်းတို့၏ ရုပ်အလောင်းများကိုမူ မတ်လ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် တာတိုင်ကျေးရွာ၌ တွေ့ရှိခဲ့သည်။

တာတိုင်ကျေးရွာသူ၊ ကျေးရွာသားများ စစ်တပ်၏ လူမဆန်သော ရက်စက်မှုများကြောင့် အလွန်ကြောက်လန့်နေကြသည်။

“ကျနော့်ဘ၀မှာ ဒီလို အလောင်းတွေ အများကြီးလည်း မမြင်ဖူးသေးပါဘူး။ ဒီလောက်ကြီး ရက်ရက်စက်စက် လူတွေကို သတ်တာလည်း မမြင်ဖူးသေးဘူး။ အခု ကျေးရွာသူ ကျေးရွာသားတွေအားလုံးက ရွာမှာလည်း ပြန်မနေဝံ့တော့ဘူး။ အကုန်လုံးက နီးစပ်ရာ ပြေးကြတော့မယ်။ အားလုံးက ကြောက်လန့်နေကြတာ။ လူတွေဆိုတာ ကြောက်လွန်းလို့ တုန်တုန်ရီရီတွေ ဖြစ်နေကြတယ်” ဟု တာတိုင်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

တာတိုင်ကျေးရွာသား ၁၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ဓာတ်ပုံများမှာ သတင်းဌာနများမှတစ်ဆင့် မြန်မာပြည်သူအားလုံး ဖက်ဆစ်စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို မြင်တွေ့ခဲ့ကြရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article