35 C
Yangon

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် KNU တပ်မဟာ ၂ နယ်မြေရှိ စစ်တပ်စခန်း ၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး

Must read

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် KNU တပ်မဟာ ၂ နယ်မြေရှိ စစ်တပ်စခန်း ၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ကျောက်လုံးကြီးစခန်း ထုံးဘိုကြီးစခန်း၊ သံမိုးတောင်စခန်း နှင့် ဗဟုန်းစခန်းစသည့် စခန်း ၄ ခုတို့ကို KNU/KNLA တပ်မဟာ၂ တပ်ရင်း ၅ ၊ ALPHA ONE Drone အဖွဲ့နှင့် ပူးပေါင်းတပ်များက မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီတွင် တစ်ပြိုင်နက် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

” ကျနော်တို့ Drone အဖွဲ့က နံနက် ၇ နာရီမှာ ထုံးဘိုကြီးစခန်းကို စတိုက်တယ်၊ စခန်း ၄ ခုကို တပြိုင်နက်တိုက်တာ‌ပေါ့၊ ရန်သူ့ဘက်က ဒုတပ်ရင်းမှူးတစ်ယောက် စနိုက်ပါထိပြီး သေတယ်။ အကျ အဆုံးများမယ့်ပုံပဲ။ အလောင်းတွေကိုကားနဲ့လာသယ်တယ်ကြားတယ်။ ကျနော်တို့ဘက် ကအထိအခိုက်မရှိပါဘူး”ဟု ALPHA ONE Drone အဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ လေယာဥ်ဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် ထုံးဘိုကြီးရွာတွင်းသို့ ဗုံး၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ထို့ပြင် ပဲခူတိုင်း၊ တောင်ငူမြို့နယ်အတွင်းရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်စခန်း ၄ ခုကို KNLA တပ်မဟာ ၂ ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း KNLA၊ PDF ပူးပေါင်း စစ်ကြောင်းမှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တောင်ငူမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုဖြစ်သည့် ကျောက်လုံးကြီးစခန်း၊ ထုံးဘိုကြီးစခန်း၊ သံမိုးတောင်စခန်းနှင့် ဗဟုန်းစခန်း တို့ကိုလည်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ခွေးသေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက ရဟတ်ယာဥ်နဲ့ ပြန်လည် ပစ်ခတ်တာတွေတာတွေရှိတယ်။ စစ်ခွေးတွေ ပြန်ပစ်လို့ ထုံးဘိုကြီးရွာထဲကို ကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်” ဟု KNLA၊ PDF ပူးပေါင်း စစ်ကြောင်းမှ ရဲဘော် တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်တပ်က သံတောင်ကြီးမြို့နယ်၊ ဗဟုန်း ကျေးရွာပေါ် သို့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article