27 C
Yangon

တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်ပ Trainer များဖြင့် လေ့ကျင့်ထားသည့် တော်ဝင်ဒေါင်း စစ်ကြောင်း၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Must read

တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်ပ Trainer များဖြင့် လေ့ကျင့်ထားသည့် တော်ဝင်ဒေါင်း စစ်ကြောင်း၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ရန်ကုန်၊ မတ် ၂၇

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၂ စစ်ဒေသ၊ တောင်ပိုင်း စစ်ဒေသအတွင်းရှိ ပြည်ပမှ ကျွမ်းကျင်ပညာရှင် Trainer များ​၏ စာတွေ့၊ လက်တွေ့ လေ့ကျင့်ထားသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ​တော်ဝင် ဒေါင်းစစ်ကြောင်း၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ရေး ပြုလုပ်ခဲ့သည့် ရဲဘော်များသည် ပြည်ပမှ ကျွမ်းကျင်ပညာရှင် Trainer များ​၏ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများ၊ လေ့ကျင့်မှုများဖြင့် ရက်ရှည် မွန်းမံသင်တန်းတက်ရောက်ပြီးစီးသူများဖြစ်ပြီးကြောင်း၊ ရှေ့တန်း စစ်မျက်နှာပြင်သို့ရောက်ရှိနေသော တပ်ရင်း စစ်ကြောင်းများ၏အရန် အင်အား အဖြစ် ရည်ရွယ်ကာ ရှေ့တန်းမထွက်မှီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သား ပိုမိုပြည့်ဝစေရန် တိုက် ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ ယခုလို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် လေ့ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Photo- Royal Peacock Column

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article