27 C
Yangon

တောင်ဥက္ကလာရဲစခန်းအနီးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ တောင်ဒဂုံ ၆၅ ရပ်ကွက် ကင်းစခန်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

တောင်ဥက္ကလာရဲစခန်းအနီးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ တောင်ဒဂုံ ၆၅ ရပ်ကွက် ကင်းစခန်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၁

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းအနီး သစ္စာလမ်းတွင် ဗုံးတွေ့ရှိ သည် ဟုဆိုကာ စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ်အချိန် တောင်ဥက္ကလာပမြို့နယ်၊ သ စ္စာ လမ်း၊ ရဲစခန်းအနီးတွင် ဗုံးတွေ့ရှိ သည် ဟုဆိုကာ စစ်တပ်က လမ်းပိတ် ဖောက် ခွဲလိုက်ခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲသံ အလွန်ကျယ်လောင်ပြီး မြေကြီး ပင် တုန်သွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“တောင်ဥဣလာစခန်းနားမှာ ဗုံးတစ်လုံးပေါက်တယ်။ အသံကတော့ မြေတောင် တုန်သွားတယ်။ မနက်ကတော့ လမ်းတစ်ဖက် ပိတ်ပြီး မိုင်းရှာနေကြတယ်။ ဗုံး သံက တော့ ကျယ်လွန်းလှတယ်။ ဒီမနက် ၈ နာရီ ၅၄ မိနစ်မှာ ကွဲသံ ကြားရ တာ”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန် တောင်ဒဂုံမြို့နယ်၊ ၆၅ ရပ်ကွက်အတွင်းရှိ စစ်တပ်ကင်းစခန်း တစ်ခုကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြတော်လှန်ရေးအဖွဲ့မှ ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Mother Son Yangon အပါအဝင် မြို့ပြပြောက် ကျား တော် လှန်ရေးအဖွဲ့ ၃ ခုက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article