37 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီတပ်မတော် စခန်းကို စစ်တပ်က အင် အားအလုံး အရင်းဖြင့် ဝင်တိုက်သော်လည်း အထိနာပြီး စစ်သားများ ဆုတ်ခွာ၊ စစ်သားအလောင်း ၂ လောင်းနှင့်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီတပ်မတော် စခန်းကို စစ်တပ်က အင် အားအလုံး အရင်းဖြင့် ဝင်တိုက်သော်လည်း အထိနာပြီး စစ်သားများ ဆုတ်ခွာ၊ စစ်သားအလောင်း ၂ လောင်းနှင့်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၁၂

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်နီတပ်မတော်(KA)တပ် စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလု့းအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်ပင် အထိနာပြီး စစ်သားအလောင်း ၂ လောင်းနှင့် ခဲယမ်းများ စွန့်ပစ်ကာထွက်ပြေးသွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၁၁ ရက် နေ့လည် ၁၁ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ၊ BP အမှတ် ၈ နှင့် ၉ ကြားရှိ ကရင်နီတပ်မတော်(KA) တပ်ရင်း ၃ ၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီ၏ ခမရ ၃၃၇ က ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ပေးပြီး ခမရ ၃၃၄ နှင့် ခမရ ၅၁၉ တပ်တို့က အနီးကပ် တက်ရောက်တိုက်ခိုက် သိမ်းပိုက်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် ကရင်နီတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် အထိနာပြီး ညနေ ၆ နာရီခန့်တွင် ပြန်ဆုတ်ပြေးသွားကြောင်း၊ KA တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ခုခံနိုင်ခဲ့ကြောင်း သိရသည်။

“မနေ့က ၆ နာရီလောက်ပြန်ဆုတ်ပြေးတာဆိုတော့ ညတွင်းချင်းနယ်မြေရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘူး၊ ဒီနေ့မနက်မှ နယ်မြေရှင်းလင်းတဲ့အချိန်မှာ စစ်သား အလောင်းနှစ်လောင်းနဲ့ ခဲယမ်းတွေ တွေ့ရှိသိမ်း ဆည်းနိုင်ခဲ့တာ၊ လက်နက်တော့မပါဘူး၊ ဗုံးသီးတို့၊ ဆိုလာပြားတို့၊ ခဲယမ်းတို့ပေါ့၊ ဒီနေ့ကတော့ တိုက်ပွဲ ဖြစ်တာမရှိပါဘူး” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်မှ ကယားပြည်နယ်အတွင်း ကျူးကျော်နိုင်ရန် ရှမ်း-ကယားနယ်စပ်မှတဆင့် ဒီး မော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း၊ အကြမ်းဖက် စစ် တပ်ဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများသောင်းနှင့်ချီကာ တောတောင်များအတွင်းထွက် ပြေးကာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article