35 C
Yangon

ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာတိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး PDF တပ်ခွဲမှူး ကျော်မင်းလွင်ကျဆုံး

Must read

ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာတိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး PDF တပ်ခွဲမှူး ကျော်မင်းလွင်ကျဆုံး

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဆေးမင်တောကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဂန့်ဂေါခရိုင် တပ် ရင်း ၁၇ မှ တပ်ခွဲမှူး ကျော်မင်းလွင် ကျဆုံးခဲ့ကြောင်း Yaw Revolution Army -ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက် နေ့လည် ၁၂ နာရီခန့်က ထီးလင်းမြို့နယ်၊ ဆေးမင်တောကျေးရွာ၌ ညအိပ် ရပ်နားပြီး ဂန့်ဂေါဘက်သို့ ဆက်လက်ထွက်ခွာသော အကြမ်းဖက်စစ်ယာဉ်တန်းမှ နောက်ချန်စစ်သား များကို ဝင်ရောက်တိုက်ခိုက်စဉ် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် တပ်ခွဲမှူးကျော်မင်းလွင်အပါအဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ခွဲမှူးကျော်မင်းလွင်မှ ခုခံပစ်ခတ်ပေးရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေယာဉ်တန်းထွက်ပြီးတဲ့အချိန် နောက်ချန်အင်အားကို ဝင်တိုက်တာ၊ ကင်းပုန်းတွေနဲ့လည်း တွေ့တယ်၊ ကိုယ့်ဘက်ကတော့ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့လို့ စစ်ခွေးတွေလည်း သေတယ်၊ အဲဒီအချိန် မှာ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေ အသားကုန်ပစ်တဲ့အချိန်မှာ ကျနော်တို့ ရဲဘော်တွေ အနီးကို ကျပြီး ဒဏ်ရာရခဲ့တာ၊ ဒဏ်ရာရတဲ့ရဲဘော်တွေကို ပြန်ဆုတ်နိုင်ဖို့ တပ်ခွဲမှူးက အသေခံကာကွယ်ပေး သွားတာပါ” ဟု Yaw Revolution Army -ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ (YRA – ထီးလင်း) တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်း ၁၇ မှ တပ်ခွဲ ၃ တပ်ခွဲမှူး ကျော်မင်းလွင်နှင့်အတူ AK မောင်းပြန် တစ်လက် ဆုံးရှုံးခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတွန်းလှန်တိုက်ခိုက်ရင်း ဂုဏ် ရောင်ဝင်းပြောင်စွာအသက်ပေးလှူခဲ့သော တပ်ခွဲမှုးကျော်မင်းလွင်အား ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆၊ ၁၇(YRA -ထီးလင်း)မှ ဆို့နင့်ကြေကွဲသော နှလုံး သားဖြင့် ဂုဏ်ပြုအလေးနီပြုပါကြောင်း Yaw Revolution Army -ထီးလင်းက ​ပြောသည်။

Photo- အကြမ်းဖက်စစ်တပ်မှ သေဆုံးသွားသော တပ်ကြပ်ကြီးတစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article