29 C
Yangon

ထီးလင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်​​ကြောင်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံး

Must read

ထီးလင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်​​ကြောင်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံး

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ယောဒေသနှင့်ချင်းပြည် နယ် ဘက်သို့ ဦးတည်လာသော အကြမ်း ဖက် စစ်​ကြောင်း များကို ထီးလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း YRA –Htilin ၏တာဝန်ရှိသူတစ်ဦးက ရန်ကုန်​ခေတ် သစ် သတင်းဌာနထံသို့​ပြောဆိုသည်။

မတ်လ ၁၅ ရက်​နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ထီးလင်းမြို့သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်ကား ၃၈ စီးနှင့် စစ်သားများသည် နေ့လည် ၁၂ နာရီခန့်တွင် ထီးလင်း-ဂန့်ဂေါလမ်းပိုင်းသို့ ထွက်ခွာရန် နံနက်ပိုင်းကတည်းက လမ်းလုံခြုံရေးယူပေးရန် ကြိုထွက်လာသော အကြမ်းဖက်စစ်သား ၅၅ ဦးပါ ရှေ့ပြေး ပွိုင့်ကို ထီးလင်း-ပုဏ္ဏားကြီးကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးပွဲချင်းပြီး သေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့်သေဆုံးထိခိုက်ဒဏ်ရာရှိသော စစ်သားများကို ထီးလင်းမြို့၊ ထွေအုပ် ရုံးမှ Light Truck ကားနှစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါ ခရိုင်တပ်ရင်း ၁၅ ၊တပ်ရင်း ၁၆ ၊တပ်ရင်း ၁၇ (ထီးလင်း)နှင့် ဂန့်ဂေါခရိုင်တပ်ရင်း ၁၈(YNRFထီးလင်း) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက်​နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာ၏ အနောက်ဘက်သို့ ရောက်ရှိ လာသော အကြမ်းဖက်စစ်သား ၄၀ ခန့်သည် မန်ကျည်းပင်စခန်း၌ စုစည်းပြီး အရိပ်ခိုနားနေစဉ် အသင့် ပြင်ထားသော မိုင်းများဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၆ ဦး ပွဲချင်း ပြီး သေဆုံး​ကြောင်း၊ သေ ဆုံး စစ်သား အလောင်း များကို ရွှေဂုံတိုင်ကျေးရွာရှိ နေအိမ်များ မီးရှို့အလောင်းဖျောက်ပစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ (ထီးလင်း) မှ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ခြေပြတ်လက်ပြတ် အပိုင်းအစများကို မီတာ ၅၀ အကွာအဝေး အထိ လိုက် လံ ကောက်ယူခဲ့ရကြောင်း၊ မိုင်းဖောက်ခွဲရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ဟု ဆိုသည်။

သေဆုံးစစ်သားများ၏အ​လောင်းများကို ရွှေဂုံတိုင်ကျေးရွာအတွင်း မီးရှို့နေစဉ် စစ်သား ၁၀ ဦးပါ တပ်စိပ်တစ်ခုက ရွှေဂုံတိုင်ကျေးရွာ၏ မြောက်ဘက်တွင် ကင်းပတ်ထွက်လာ​ကြောင်း၊ အသင့်စောင့်နေသော ဂန့် ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ (ထီးလင်း) မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း၊ ယင်းအကြမ်းဖက် စစ်​ကြောင်း မှာ ရှေ့ဆက် မသွားနိုင်တော့ဘဲ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ရပ်နားသွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ရွှေခုံတိုင်​ကျေးရွာတွင် အနားယူပြီးနောက် ရှေ့ဆက်တိုး လာ​ကြောင်း၊ ရွှေခုံတိုင်ကျေးရွာမြောက်ဖက် ဇီးတောလမ်းခွဲအနီး PDFများ ​ထောင်ထား​သောမိုင်းကို စစ်သား ၂ ဦးက မိုင်းဖြုတ်ရန်ကြိုးစားစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အလားတူ ယမန်နေ့ မတ်လ ၁၆ ရက်​နေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်အချိန် စစ်သား ၁၀ ဦးခန့်သည် ရှေ့ပွိုင့်လုံခြုံရေး ထွက်လာ​ကြောင်း၊ ထိန်တိုင်းကျေးရွာမြောက်ဘက် ရေရှင်ကျေးရွာ လမ်းခွဲ ဇရပ်အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးခန့်သာ အသက်ရှင်ကျန်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းမလုံလောက် သဖြင့် ပြန်လည် ဆုတ်ခွာရ​ကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်းယူဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း YRA (ထီးလင်း) တပ်ဖွဲ့က ​ပြောသည်။

စစ်​ကြောင်းသည် ထီးလင်းမြို့သို့ရောက်ရှိအချိန်မှစ၍ လက်ရှိအချိန်ထိ သုံးရက်တာကာလ အ တွင်း ၁၈ မိုင်ခန့်သာ ခရီးတွင်ထားပြီး သေဆုံး ၄၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀ ကျော်ခန့်ရှိ ကြောင်း၊ အ ထိ နာသော အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လာ နိုင်သဖြင့် ထီးလင်း-ဂန့် ဂေါလမ်းမကြီးအား အသုံးမပြုကြပါရန်နှင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှလည်း အသင့်အနေအထား ကြိုတင်ပြင်ဆင်ထားပါရန် ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ -YRA ထီးလင်းက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article