31.9 C
Yangon

ဒို့ညီနောင် ကားမှောက်မှုတွင် သေဆုံးသူ ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့် ပစ်ရန် ချိန်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦး၏ သားမက်ဖြစ်

Must read

ဒို့ညီနောင် ကားမှောက်မှုတွင် သေဆုံးသူ ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့် ပစ်ရန် ချိန်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦး၏ သားမက်ဖြစ်

■ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့် ပစ်ရန် ချိန်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦးနှင့်မိန်းမ ဒေါ်စုစုလွင်မှာ ၂၀၂၁ ခုနှစ် ကိုဗစ်တတိယလှိုင်းတွင် ဆေးကုပေးသူ မရှိဘဲ ကိုဗစ်ကူးစက် သေဆုံးခဲ့

ရန်ကုန်၊ မတ် ၉

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မတ်လ ၄ ရက်နေ့ ဒို့ညီနောင် ကားမှောက်မှုအတွင်း သေဆုံးခဲ့သူ ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့် ချိန်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦး၏ သားမက်ဖြစ် ကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ မိုင် ၄ဖာလုံ နှင့် ၁၆၇ မိုင် ၅ဖာလုံ အကြား ဒို့ညီ နောင်ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း တန်းများကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ဗိုလ်မှူး/ဗိုလ်ကြီးဇော်ဝင်းထိန် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူ ဗိုလ်မှူး/ ဗိုလ်ကြီး ဇော်ဝင်းထိန်သည် ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာ၀တီတိုင်း ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့်ပစ်ရန် ချိန်ရွယ်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦး၏ သားမက်ဖြစ်ကြောင်း သိရှိရသည်။

“ဒို့ညီနောင် ကားမှောက်မှုမှာ သေသွားတဲ့ ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ပစ်ဖို့ ချိန်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း မြင့်ဦးရဲ့ သားမက်။ ဇော်ဝင်းထိန်က PDF ရန်ကြောက်လို့ ကိုယ်ပိုင်ကားရှိပေမယ့် ဒို့ညီနောင်ခရီးသည်တင်ကားနဲ့ ရန်ကုန်မှာရှိတဲ့ မိန်းမနဲ့ ကလေးဆီ ခဏ ပြန်ရင်း ကားမှောက်သေတာ။ သူ့ယောက္ခမ ဗိုလ်ကြီးဟောင်း မြင့်ဦးနဲ့ ဇနီး ဒေါ်စုစုလွင် ၂ ဦးစလုံးက ၂၀၂၁ ခုနှစ် ဇူလိုင်လ ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ဖြစ်ပြီး ရှေ့ဆင့် နောက်ဆင့် သေသွားခဲ့တယ်” ဟု တပ်သတင်းရင်း မြစ်တစ်ခုက ပြောသည်။

ဗိုလ်ကြီးဟောင်း မြင့်ဦးသည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေးကာလ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လူဦးရေ ၅ ဦးထက် ပိုမစုရ ဆိုသော စစ်အုပ်ချုပ်ရေး အမိန့်ကို ဖီဆန်သည်ဟုဆိုကာ သေနတ်ဖြင့် ပစ်ရန် ချိန်ရွယ်ခဲ့ကြောင်း၊ ထိုအချိန်က ဗိုလ်ကြီး ဟောင်း မြင့်ဦး၏အထက်အရာရှိဖြစ်သူ ဗိုလ်မှူးတင်ဖေအေးက တားမြစ်ခဲ့သဖြင့် ဗိုလ်ကြီးဟောင်း မြင့်ဦး ပစ်ခွင့်မရခဲ့ကြောင်း သိရှိရသည်။

ဒို့ညီနောင် ကားမှောက်မှုတွင် သေဆုံးခဲ့သော ဗိုလ်မှူး/ဗိုလ်ကြီး ဇော်ဝင်းထိန်သည် သေဆုံးချိန်တွင် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပြီး အလောင်းကို တောင်ကြီး တပ်သို့ ပြန်လည် သယ်ဆောင်၍ နာရေးကို တောင်ကြီးတွင် မတ်လ ၆ ရက်နေ့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article