28 C
Yangon

ဒီပဲယင်း၊ ဖားကန့် ၊ မတ္တရာနှင့် မြင်းခြံတို့တွင် ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

Must read

ဒီပဲယင်း၊ ဖားကန့် ၊ မတ္တရာနှင့် မြင်းခြံတို့တွင် ပြည်သူ ၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၈ ဦးကို အကြောင်းမဲံ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီပဲယင်းတွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်

======================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ် ဒီပဲယင်းမြို့နယ်ညီနောင်များထံမှ သိရှိရသည်။

မတ်လ ၁၁ ရက်နေ့ ညပိုင်း ဒီပဲယင်းမြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်သည့် ဝပါကျေးရွာမှ ပြည်သူတစ်ဦးကို စစ်တပ်က ယမန်နေ့ ညပိုင်းဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြကာ အလောင်းကို ဒီပဲယင်းအထွက် (တင်းတိမ်ရံအထွက်) တွင် စွန့်စ်ထားသည်ကို ယနေ့ နံနက်ပိုင်း တွေ့ရှိရကြောင်း သိရှိရသည်။

ထို့ပြင် လွန်ခဲ့သည့်ရက်ပိုင်းက စိုင်ပြင်တွင် နေထိုင်သည့် ပြည်သူ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

မြင်းခြံမြို့လယ်တွင် စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က ပစ်သတ်

====================================

မန္တလေးတိုင်း မြင်းခြံမြို့ နာရီစင်အနီးတွင် သွားလာနေထိုင်လေ့ရှိသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က မတ်လ ၉ ရက်နေ့ ညပိုင်း ပစ်ခတ်ခဲ့ရာ ၁ ဦး ကျည်ထိမှန်သေဆုံးကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီထံမှ သိရှိရသည်။

“ည(၁၁)နာရီ‌ခန့်က မြင်းခြံမြို့နာရီစင်အနီးမှာ စိတ်ကျမ်းမာရေး မကောင်းသူ နှစ်ဦးကို စခများမှ ပစ်ခတ်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကာ တစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရ။ သေဆုံးတဲ့သူက ဆန္ဒတော်ပြည့် ဘုရားရှေ့မှာ သီချင်းဆို၊ က နေလေ့ရှိတဲ့ စိတ်ကျမ်းမာရေး မကောင်းသူလို့ သိရပါတယ်” ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက သတင်းဖော်ပြထားသည်။

မတ္တရာတွင် ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

==================================

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ တံတားကုန်းကျေးရွာတွင် အသက် ၅၀ အရွယ် ဦးချစ်ခင်ကို ဖမ်းဆီးပြီး စစ်တပ်က ကျေးရွာထိပ်တွင် သတ်ဖြတ်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

“အသတ်ခံရသူက ဘာမှ လုပ်တာလည်းမဟုတ်ဘူး။ သတ်ချင်လို့ကို သတ်သွားတာပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်တွင် လူငယ် ၂ ဦးကို စစ်တပ်က သတ်ဖြတ်

=============================

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်လျံရွာအနီး ရေမဆေးကျောက်ရှာသည့် လူငယ်နှစ်ဦးကို မတ်လ ၁၁ ရက်နေ့ နံနက် ၄ နာရီကျော်အချိန် စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

“စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တည့်တည့်တိုးလို့ ပစ်သတ်သွားတာ။ မနေ့ မနက် ၇ နာရီမှ အလောင်းကောက်နိုင်တယ်။ ဖားကန့်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာများနေတယ်။ ဖားကန့်မြို့ပေါ်မှာလည်း ပြည်သူ ၈ ဦးကိုလည်း စစ်တပ်က ဖမ်းသွားသေးတယ်” ဟု ဒေသပြည်သူတစ်ဦးဆိုသည်။

ဓာတ်ပုံ- ပြည်သူများကို အကြမ်းဖက် နှိမ်နင်းပစ်ခတ်သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်တပ်။

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article