28 C
Yangon

ဒီးမော့ဆိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာ ၁၀ ရွာက ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဒီးမော့ဆိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာ ၁၀ ရွာက ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၅

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေကြောင်း ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်သော​ကြောင့် ​ကျေးရွာ ၁၀ ရွာက ပြည်သူ ၃၀၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” စစ်ခွေးတွေက တောက်လျောက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ အခုလက်ရှိ ကျေးရွာ ၁၀ ရွာက ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရတယ်။ စပါးကျီ ရေအုတ်ကန်နဲ့ အသုံးဆောင်အချိူ့ထိခိုက်ပျက်စီးတာတွေ ရှိတယ်” ဟု ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article