36 C
Yangon

ဒီးမော့ဆို ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခလရ ၂၈၇ တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ဒီးမော့ဆို ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခလရ ၂၈၇ တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၃၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ဒေါလျားခူကျေးရွာအနီး ညေးဘူးခူ တောင် ပေါ် သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးကြောင်း KNDF က ပြောသည်။

မတ်လ ၂၉ ရက်နေ့မှစ၍ ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ ၃ မှ တပ် ရင်းများဖြစ်သော KNDF/B- 10 ၊ KNDF/B-15 ၊ နှင့် KNDF/B-07 တို့ပူးပေါင်း ၍ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်တာ ပြင်းပြင်းထန်ထန် ခုခံတိုက် ခိုက်ခဲ့ကြောင်း၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ၏ ခလရ ၂၈၇တပ်ကို KA ၊ KNDF တို့မှ မတ်လ ၂၉ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့တို့တွင် တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ပြီး ၂ ရက် တိုင် တိုင် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဖက်မှ အထိ အခိုက် သေဆုံးသူ များပြားခဲ့၍ ပူးပေါင်းတပ်ဘက်မှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိသူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ၎င်းတို့ ထံမှ MA-1 သေနတ် ၃ လက် ၊ MA-2 သေနတ် ၂ လက် ၊ MA-3 သေနတ် ၁ လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က အထိနာ၍ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက် လေ ယာဥ် ၂ စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ ၁၀ကြိမ်နီးပါး ပစ်ခတ် ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်း ဝန်း တစ်ခုကိုလည်း ၂ ကြိမ်ခန့် လှည့်ပတ် ပစ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိ ခိုက်သေဆုံးခဲ့ရပြီး ညပိုင်းတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဘ က် သို့ တိုက်လေယာဥ် ၂ စီးဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article