40.9 C
Yangon

နတ်ဆိုးမြေအောက်အဖွဲ့၏ M.79 ၄၀ မမ တစ်လက်ရရှိရေး ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် မေတ္တာရပ်ခံ

Must read

နတ်ဆိုးမြေအောက်အဖွဲ့၏ M.79 ၄၀ မမ တစ်လက်ရရှိရေး ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် မေတ္တာရပ်ခံ

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်းတွင် စစ်အာဏာရှင် ချေမှုန်းရေး တိုက်ပွဲဝင်နေသော နတ်ဆိုးမြေ အောက်အဖွဲ့က M.79 ၄၀ မမ တစ်လက်ရရှိရေး ကမ်ပိန်း စတင်လိုက်ပြီး အဆို ပါ ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။

M.79 ၄၀ မမ တစ်လက်ရရှိရေး ကမ်ပိန်းတွင် ကံစမ်းမဲ အရေအတွက် ၁၅၀၀ သတ်မျတ်ထားပြီး မဲလက်မှတ်တစ်ဆောင်လျှင် ငွေ ၂၀၀၀၀ ကျပ်ဖြင့် အားပေးဝယ်ယူ ထောက်ပံ့နိုင်ကြောင်း၊ လက်မှတ် ၁၀ စောင်နှင့်အထက်ဝယ်ယူကံစမ်းလှူဒါန်းသူများကို အမှတ်တရအနေဖြင့်မှတ်တမ်းဂုဏ်ပြုလွှာအမှတ်တရအနေဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကံစမ်းမဲ မဲလက်မှတ်များကို Live လွှင့်ဖောက်ပေးသွားမည်ဖြစ်ပြီး Campaign (ကမ်ပိန်း)စတင်သည့်ရက်မှ ၁ လ ဖြစ်ကြောင်း၊ ပထမဆုအနေဖြင့် တော်လှန်ရေးရဲဘော် တစ်ဦး ပိုင်ဆိုင်သော ခြံဝင်းကို မဲဖောက်ပေးမည်ဖြစ်ကြောင်း၊ နှစ်သိမ့် ဆု များအနေဖြင့်ပြည်သူများကိုယ်တိုင်ပြုလုပ်လှူဒါန်းအားပြုထားသော ချည်ထိုး နွေဦးပန်းချီ များဖြစ်ကြောင်း သိရှိရသည်။

မဲလက်မှတ်များကို နတ်ဆိုး(မြေအောက်တော်လှန်းရေးတပ်ဖွဲ့) https://www.facebook.com/profile.php?id=100090748605298 တွင်ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article