35 C
Yangon

နိုင်ငံတကာ ပါလီမန်များ ညီလာခံတွင် မြန်မာ စစ်ကောင်စီ၏ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြဆွေးနွေး

Must read

နိုင်ငံတကာ ပါလီမန်များ ညီလာခံတွင် မြန်မာ စစ်ကောင်စီ၏ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြဆွေးနွေး

ရန်ကုန်၊ မတ် ၁၅

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် ၁၄၆ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ စစ်ကောင်စီ၏ လွှတ်တော် ကိုယ်စားလှယ်များ အပေါ်လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့၌ ကျင်းပခဲ့သည့် “Panel Discussion: Parliamentary solidarity with MPs at risk” ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်နေသည့် မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့က အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းမှုနောက် မြန်မာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ကျူးလွန်လုပ်ဆောင်ခဲ့သည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများအပေါ် ခြိမ်းခြောက်ဖမ်းဆီးမှုများနှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီးသိမ်းယူထားမှုအခြေအနေများ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဘီးလင်းမဲဆန္ဒနယ်အမှတ် ၂ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက်အခဲကြောင့် သေဆုံးခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ထည့်သွင်းဆွေးနွေးတင်ပြခဲ့သည်။

လက်ရှိ အချိန်အထိ အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၈၇ ဦးသည် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများကြားမှ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေမှုများ၊ အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများတွင် ကမ္ဘာတစ်ဝန်းမှ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့ကျသော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုတိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article