36 C
Yangon

နေပြည်တော်တွင် ၇၈ နှစ်မြောက် စစ်တပ်နေ့ အထိမ်းအမှတ် ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲ စည်ကားရေး ဝန်ထမ်းအားလုံး မဖြစ်မနေ လာရန် စစ်ကောင်စီက ခိုင်းစေ

Must read

နေပြည်တော်တွင် ၇၈ နှစ်မြောက် စစ်တပ်နေ့ အထိမ်းအမှတ် ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲ စည်ကားရေး ဝန်ထမ်းအားလုံး မဖြစ်မနေ လာရန် စစ်ကောင်စီက ခိုင်းစေ

ရန်ကုန်၊ မတ် ၁၈

နေပြည်တော်တွင် ၇၈ နှစ်မြောက် စစ်တပ်နေ့ အထိမ်းအမှတ် ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲ စည်ကားရေး ဝန်ထမ်းအားလုံး မဖြစ်မနေ လာရန် စစ်ကောင် စီက ခိုင်းစေထားကြောင်း ဝန်ထမ်းများထံမှ သိရှိရသည်။

စစ်ကောင်စီလက်အောက်ရှိ သမဝါယမ ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု ဦးစီးဌာနက စစ်တပ်နေ့ အထိမ်းအမှတ် အဖြစ် ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲကို နေပြည်တော် တပေါင်းကွင်းတွင် မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ ကျင်းပနေကြောင်း၊ သို့ရာတွင် စည် ကား မှု မရှိသဖြင့် နေပြည်တော် ရှိ ဝန်ကြီးဌာနအားလုံးမှ ဝန်ထမ်းများ မဖြစ်မနေ လာရောက်ရန် ဖိအားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပွဲက ဘယ်သူမှ မလာဘူး။ စည်လည်းမစည်တော့ ဝန်ထမ်းတွေ လာရမယ် ဆိုပြီး အမိန့်ထုတ်တာ။ ထုတ်လည်း ထုတ်ထုတ်ပဲ။ ဘယ်သူမှ စိတ်မှ မဝင် စားတာ။ အခုနောက်ပိုင်းက နေပြည်တော်နဲ့ ပြည်နယ်/တိုင်းမှာ ဘာပွဲ လုပ်လုပ် လူက မစည်ဘူး။ ပြည်သူကလည်း မလာတော့ ဝန်ထမ်းတွေပဲ ပစ်မှတ် ဖြစ် နေတာ။ သင်္ကြန်လည်း အဲဒီလိုပဲ အမိန့်တွေ ထုတ်ဦးမယ်။ မနှစ်ကရော တစ်နှစ်ကရော အဲဒီလိုပါပဲ” ဟု နေပြည်တော် ဝန်အသိုင်းအ၀ိုင်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်း အားလုံး တွင် တည်ငြိမ်အေးချမ်းနေပြီဆိုသော လက္ခဏာကို ပြလိုသဖြင့် စျေးရောင်း ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စစ်အာဏာသိမ်းပြီးချိန်မှစ၍ အမျိုးမျိုး ဖိအားပေးလျက်ရှိသောလည်း ပြည်သူလူထုက ပါဝင်ခြင်းမရှိသဖြင့် အောင်မြင် ခြင်း မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article