36 C
Yangon

နေပြည်တော်သို့ စစ်ဘက်သုံးပစ္စည်းများ လာရောက်ပို့ဆောင်ပြီးနောက် ရုရှားကုန်တင်လေယာဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာ

Must read

နေပြည်တော်သို့ စစ်ဘက်သုံးပစ္စည်းများ လာရောက်ပို့ဆောင်ပြီးနောက် ရုရှားကုန်တင်လေယာဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာ
ရန်ကုန်၊ မတ် ၁၉
နေပြည်တော်သို့ စစ်ဘက်သုံးပစ္စည်းများ လာရောက်ပို့ဆောင်ပြီးနောက် ရုရှား ကုန်တင် လေယာဉ် RA 78765 (IL76)သည် ယနေ့ ညပိုင်း ဘင်္ဂလားဒေ့ရှ် နိုင် ငံ သို့ထွက်ခွာသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တစ်ဆင့် ရုရှားနိုင်ငံသို့ ပြန်မည် ဖြစ် ကြောင်း သိရှိရသည်။
မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရုရှား ကုန်တင်လေယာဉ် RA 78765 (IL76) သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီး လေ ယာဉ်သွားလမ်း (Taxiway) မှတစ်ဆင့် နေပြည်တော် လေတပ်ဆွယ် (အေလာ) တွင် သွားရောက်ဆိုက်ကပ်ကာ စစ်ဘက်သုံးပစ္စည်းများ ချထား ပေးပြီး နောက် ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် နေပြည်တော်မှ ပြန် လည် ထွက်ခွာ သွားခြင်းဖြစ်သည်။
ရုရှားနိုင်ငံမှ စစ်ဘက်သုံးပစ္စည်းများ တင်ဆောင်လာသော ရုရှား ကုန်တင် လေ ယာဉ် RA 78765(IL76) သည် ယနေ့နံနက်ပိုင်း နေပြည် တော် လေတပ်ဆွယ် (အေလာ) ထဲသို့ ဆိုက်ရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ချပေးခဲ့သည်။
မတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက် လာ ခြင်း ဖြစ်ပြီး အဆိုပါ လေ ယာဉ် သည် မတ်လ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကို မှ စိန့်ပီတာစဘတ်သို့ လည်းကောင်း၊ မတ်လ ၁၈ ရက်နေ့ တွင် စိန့်ပီတာစဘတ်မှ နိုဗိုစီဗစ်သို့လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့ နိုဗိုစီဗစ်မှ နေပြည်တော် သို့လည်းကောင်း ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာပြည် အတွင်း ရုရှားကုန်တင် လေယာဉ် ဝင်ချိန်တွင် လေယာဉ်ပျံသန်းသည့် ခရီးစဉ် လမ်းကြောင်းကို ကြည့်ရှုမရစေရန် ဖျောက်ထားခဲ့ကြောင်း သိရှိရသည်။
ရုရှားအစိုးရ Aviacon Zitotrans လေကြောင်းလိုင်းပိုင် ကုန်တင် လေယာဉ် RA-78765 (IL76) သည် ခရီးစဥ်အမှတ် ZR1731(AZS1731) ဖြင့် ယနေ့ နံနက် ပိုင်း နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက် ရောက် ပြီးနောက် လေယာဉ်သွားလမ်း (Taxiway)မှ တစ်ဆင့် နေပြည်တော် လေတပ် ဆွယ်(အေလာ)အတွင်းသို့ ဝင်ရောက် စစ်ပစ္စည်းများ ချပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ရုရှားကုန်တင် လေယာဉ် RA-78765 (IL76) သည် နေပြည်တော်မှ ဘင်္ဂလား ဒေ့ရှ် သို့ လေယာဉ်ခရီးစဉ်အမှတ် ZR1732 ဖြင့် ထွက်ခွာသွားပြီး ယင်းမှ တစ် ဆင့် ရုရှားနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ ရုရှား နိုင်ငံ နှင့် စစ်ရေး ပူးပေါင်းမှုများကို ယခင်ထက် အလွန်တိုးမြှင့်ပြီး စစ်ကောင်စီ ကို အကာအကွယ်ပေးသည့် မိတ်ဖက်နိုင်ငံကြီးတစ်ခုအဖြစ်‌ အကြမ်းဖက် စစ် တပ် က အားကိုးအားထားပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article