28 C
Yangon

နေပြည်တော်၊ ချိုင်းကျေးရွာလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦးထက်မနည်း သေဆုံးနိုင်

Must read

နေပြည်တော်၊ ချိုင်းကျေးရွာလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦးထက်မနည်း သေဆုံးနိုင်

ရန်ကုန်၊ မတ် ၂

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အစပ် ချိုင်းကျေးရွာလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦးထက် မနည်းသေဆုံးနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ချိုင်းကျေးရွာလမ်းဆုံတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရဲ ၄ ဦးထက်မနည်း သေဆုံးထိခိုက်နိုင်ကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲမှုက ရဲခွေး ၄ ကောင်၊ ၅ ကောင်လောက်တော့ ကြွမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် နေပြည်တော်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ကလည်း ဝန်ကြီးဌာနနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် နေအိမ်များတွင် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်၏ လုံခြုံရေးအစောင့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်း ဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article