35 C
Yangon

နေပြည်တော်၊ လယ်ဝေးမှာ စစ်တပ်နဲ့ရဲ ခွင့်ပြုချက်နဲ့ လောင်းကစား၀ိုင်းတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေ

Must read

နေပြည်တော်၊ လယ်ဝေးမှာ စစ်တပ်နဲ့ရဲ ခွင့်ပြုချက်နဲ့ လောင်းကစား၀ိုင်းတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေ

ရန်ကုန်၊ မတ် ၂၉

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်ပင်သာကျေးရွာမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ ခြိမ့်ခြိမ့်သဲကျင်းပနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့မှစတင်၍ ပေါက်ပင်သာကျေးရွာ ဥက္ကဋ္ဌ ဦးစိုးတင့်၊ နေပြည်တော်တိုင်းမ် မှုခင်းသတင်းထောက် ကလောင်အမည် ၀ရိန်မိုးတို့ ဦးဆောင်၍ စစ်တပ်နှင့်ရဲ၏ ခွင့်ပြုချက်ရယူပြီး လောင်းကစား၀ိုင်းများ ကျင်းပနေခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်ပင်သာကျေးရွာ မှာ နေပြည်တော်တိုင်းမ်း ဂျာနယ် အယ်ဒီတာ ပြည့်တန်ဆာလုပ်ငန်း ပိုင်ရှင် ကလောင်အမည် ဝရိန် မိုး၊ ပေါက်ပင်သာကျောင်းဘုန်းကြီး၊ ကျေးရွာ ဥက္ကဋ္ဌ စိုးတင့်တို့ ပေါင်းပြီး အာဝါဒေး လောင်းကစားပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေး၊ ရဲခွေးတွေ လုံခြုံရေးပေးပြီး တရားဝင်(အာဝါဒေး) လောင်းကစားပွဲကို ဒီနေ့က စတင်ပြီး တစ်လအကြာ ပြုလုပ်နေပါပြီ။ မကြာမီ သူခိုးများသောင်းကျန်းလာတော့မည့်အရေးကို အနီးအနားကျေးရွာများရှိရွာသူ/သား များမှ လွန်စွာစိုးရိမ်ပူပန်ပြီး စိတ်မချမ်းမြေံနေကြရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက PDF များ၊ CDM များ ကျေးရွာများအတွင်း မရှိစေရေး ဆောင်ရွက်ရန်၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုရန် ဆိုသော အချက်များကို ဆောင်ရွက်ပေးသည့် ကျေးရွာများ၊ ရပ်ကွက်များကို လောင်းကစား၀ိုင်းများ တရားဝင် ပြုလုပ်ခွင့် ပေးသည့်အပြင် မူးယစ် ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများကို ခွင့်ပြုပေးကြောင်း ၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် မပတ်သက်လျှင် မည်သည့် ပျော်ပွဲ ရွှင်ပွဲမဆို ခွင့်ပြု ချက် ထုတ်ပေးနေကြောင်း၊ ဘုရားပွဲအမည်ခံ၍ လောင်းကစားပွဲများ ကျင်းပခြင်းများလည်း ကျေးရွာများတွင် တွင်ကျယ်လာနေကြောင်း လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတချို့ကဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article