38 C
Yangon

နေပြည်တော် တပ်ရင်း ၈၀၄ ၏ ” စက်လက်ဖိုးကူ‌‌ ပေါက်မဲယူ အောင်ပွဲနှင့်အတူ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်

Must read

နေပြည်တော် တပ်ရင်း ၈၀၄ ၏ ” စက်လက်ဖိုးကူ‌‌ ပေါက်မဲယူ အောင်ပွဲနှင့်အတူ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် ဖိတ်ခေါ်

ရန်ကုန်၊ မတ် ၄

နေပြည်တော် တပ်ရင်း ၈၀၄ က ” စက်လက်ဖိုးကူ‌‌ ပေါက်မဲယူ အောင်ပွဲနှင့်အတူ” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ရန် အောက်ပါအတိုင်း ဖိတ်ခေါ်လိုက်သည်။

“ကျွန်တော်တို့ ဒီ project ကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နေပြည်တော် PDF၊ တပ်ရင်း ၈၀၄ အတွက် (စက်လက်) တစ်လက် ဝယ်ဖို့ရန်အတွက် ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။

– မဲတစ်စောင်လျှင် ၁၅,၀၀၀ ကျပ် နှုန်းနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

– ဒီကမ်ပိန်းရဲ့သတ်မှတ်ကာလကတော့ FEB 27 ရက် မှ Mar 31 ရက် အထိရောင်းချသွားမှာဖြစ်ပါတယ်။

– ပေါက်မဲကတော့ (၁၈)မဲ ရှိမှာဖြစ်ပါတယ်။ တပ်ရင်း ၈၀၄ ရဲဘော်များရဲ့ကိုယ်ပိုင်ပစ္စည်းများလည်း ပါဝင်ပါတယ်။

ပေါက်မဲ (၁၈) ခုကတော့

( ၁ ) ရင်ထိုး #1

( ၂ ) ရင်ထိုး #2

( ၃ ) ရင်ထိုး #3

( ၄ ) ပုလဲ

( ၅ ) Guitar

( ၆ ) HP Envy m6 Notebook PC( ယခုလက်ရှိ တပ်ရင်းအသုံးပြု )

( ၇ ) ကိုဖြိုးဇေယျာသော်အထိမ်းအမှတ် အင်္ကျီ

( ၈ ) Sue & Kevin Watch

( ၉ ) Romanson

(၁၀ ) Alexander Christie

( ၁၁ ) Lenovo Bone Conduction Headphones X5 #1

( ၁၂ ) Lenovo Bone Conduction Headphones X5 #2

( ၁၃ ) 1’8″ 1’3 ရှိသော ပန်းချီကားတစ်ချပ်

( ၁၄ ) 1’3″ 10″ ရှိသော ပန်းချီကားတစ်ချပ်

( ၁၅ ) Touch Pen ( Android & IOS )

( ၁၆ ) စာအုပ် ?

( ၁၇ ) ကံထူးရှင်၏ ပုံတူခဲပန်းချီကားတစ်ချပ်

( ၁၈ ) ၂၀၁၂ ခုနှစ်တွင်ကိုဖြိုးဇေယျာသော် လက်မှတ်ထိုးပေးထားသော ရဲဘော်တစ်ဦး၏ အင်္ကျီ

မှတ်ချက် –

– ပေါက်မဲ (၁)၊ (၂) နှင့် (၃)သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ချီးမြှင့်ထားသော ရင်ထိုး( ၃ )ခု ဖြစ်ပါတယ်ခင်ဗျ။

– ပေါက်မဲ ( ၅ ) ကတော့ တပ်ရင်းကရဲဘော်တွေစုပြီးဝယ်ထားတဲ့ ဂစ်တာတစ်လက်ဖြစ်ပါတယ်ဗျ။

– ပေါက်မဲ ( ၁၆ )ကတော့ မကြာခင် ကျွန်တော်တို့ Naypyitawpdfbattalion804 page မှာ ကြေညာပေးသွားပါမယ်ခင်ဗျ။

ကျွန်တော်တို့ရဲ့ ​”စက်လက်ဖိုးကူ‌‌ ပေါက်မဲယူ အောင်ပွဲနှင့်အတူ တပ်ရင်း ၈၀၄ ရဲ့ ကမ်ပိန်း” ကိုကူရင်း ပေါက်မဲ ( ၁၈ ) ခုကို (၁၅,၀၀၀)ကျပ် တည်းနဲ့ ပါဝင်ကံစမ်းရင်းနှင့်ကူညီ‌ပေးဖို့မေတ္တာရပ်ခံပါတယ်။”

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article