31 C
Yangon

နွားထိုးကြီးမြို့တွင် ထွေအုပ်ရုံး၊ EPC မန်နေဂျာရုံး ၂ ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်မှု ဝန်ထမ်း တစ်ဦး သေဆုံး၊ လျှပ်စစ်မီတာခကောက်မည့် ကားကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်

Must read

နွားထိုးကြီးမြို့တွင် ထွေအုပ်ရုံး၊ EPC မန်နေဂျာရုံး ၂ ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်မှု ဝန်ထမ်း တစ်ဦး သေဆုံး၊ လျှပ်စစ်မီတာခကောက်မည့် ကားကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ထွေအုပ်ရုံးနှင့် EPC မန်နေဂျာရုံးရှိ လုံခြုံရေးစစ်တပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထွေ/အုပ်ဝန်ထမ်း ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင်တပ်ရင်း ၄ ၊ နွားထိုးကြီး PDF တပ် ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် လုံခြုံရေး အဖြစ်စောင့်နေသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်နှင့်၊ ထွေအုပ်ရုံးတွင် လုံခြုံရေးအဖြစ် စောင့်နေသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၃၂ နှစ် အရွယ် ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့တိုက်ခိုက်ခဲ့တာကတော့ လုံခြုံရေးစောင့်ပေးနေတဲ့ စစ်ခွေးတွေကို တိုက်ခိုက်ခဲ့တာပါ၊ ထွေ၊ အုပ်ဝန်ထမ်းတွေ ထိမထိတော့ မသိရဘူး၊ အခုကြားရတာက စခလော်ဘီတွေဘက်က ဖြန့်တဲ့သတင်း တွေပဲ ကြားနေရတာ၊ မိုင်းဆွဲတာရောဆိုရင် ၅ ကောင်အထက်တော့ သေဆုံးမယ်လို့ ခန့်မှန်းရတယ်၊ အတိအကျတော့စုံစမ်းလို့မရသေးဘူး။ ” ဟု မြင်းခြံ ခရိုင်တပ်ရင်း ၄ မှနွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မတ်လ ၁၃ ရက် နံနက် ၉ နာရီမိနစ်ခန့်တွင် နွားထိုးကြီးမြို့လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူ များနှင့် အကြမ်း ဖက်စစ်သားများ လိုက်ပါပြီး နွားထိုးကြီးနယ်နှင့်တောင်သာမြို့နယ်အစပ်ရှိ ပြည်သူများ ထံမီတာကြေးကောက်ရန် ထွက်ခွာလာသော ကားတစ်စီးကို နွားထိုးကြီးမြို့နှင့် ၂ မိုင်ခန့်အကွာရှိ လယ် ယာစိုက်ပျိုးရေးရုံးအနီးတွင် တစ်ကြိမ်၊ မင်းဆုံတောင်၏ အနောက်ဘက် ပြင်စည်-နွားထိုးကြီးကားလမ်း ပေါ်တွင် တစ်ကြိမ်အပါအဝင် စုစုပေါင်း ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် စစ်ဆင်ရေး အရှိန်မြှင့်ပြီး အ ကြမ်းဖက်စစ်ကောင်စီထောက်တိုင်များကို မြို့တွင်ဝင်ရောက်ဖြိုဖျက် မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပေါ် ပူးပေါင်းပါဝင်ကူညီပေးကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များ၊ အကြမ်းဖက်စစ်သားများ နှင့်ဝေးဝေးရှောင်နေကြရန်၊ ပူးပေါင်းခြင်းမပြုကြရန် မြင်းခြံခရိုင်တပ်ရင်း ၄ က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article