28 C
Yangon

ပင်လောင်းတွင် သံဃာနှင့် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်၍ တရားမျှတမှုရရှိ ရေး ဖော်ဆောင် မည်ဟု PNLO ကြေညာ

Must read

ပင်လောင်းတွင် သံဃာနှင့် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်၍ တရားမျှတမှုရရှိ ရေး ဖော်ဆောင် မည်ဟု PNLO ကြေညာ

ရန်ကုန်၊ မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ နယ်၊ နန်းနိမ်းရွာ ဘုန်း ကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်ကာ တရားမျှတမှုရရှိအောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုးအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူးခွန်မင်းသိမ်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်အချိန် နမ်းနိန်းရွာတွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲဖြစ်စဉ်တွင် ဘာသာ ရေးဆိုင်ရာ သာသနိက အဆောက်အအုံနှင့်လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ သံဃာတော် ၃ ပါးအပါ အဝင်လက်နက်မဲ့ ပြည်သူ ၁၉ ဦးကို မတရားသတ်ဖြတ်ခြင်းများကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန် ပြုမူခဲ့ကြကြောင်း ကြားသိရသဖြင့် များစွာ တုန်လှုပ်ချောက်ချားကြေကွဲဝမ်းနည်းရပါကြောင်း PNLO က ထုတ်ပြန်ပြောကြားထားသည်။

“စစ်တပ်က သတ်တယ်လို့တော့ အများက ယူဆနေကြတာပေါ့၊ ဘယ်ကလုပ်တယ်ဆိုတာ အနှေးနဲ့အ မြန်ပေါ်မှာပါ၊ ပေါ်ပေါက်လာတဲ့အဖြေကိုကြည့်ပြီး တရားမျှတမှုရဖို့ဖော် ဆက်လက်ဖော်ဆောင်သွား မှာ ပါ။ ဒီလို လူမဆန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်၊” ဟု PNLO သတင်းနှင့်ပြန် ကြားရေးဌာနမှ ဗိုလ်မှူးခွန်မင်းသိမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ရေးမဟုတ်သည့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အဦးနှင့် လူနေ အိမ်များကို မီးရှို့ဖျက်ဆီး ခြင်း၊ သံဃာတော် ၃ ပါး အပါအဝင် လက်နက်မဲ့ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်သဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အဆိုပါ ဖြစ်ရပ်ကို ပြစ်မှု၊ ရာဇ ဝတ်မှုနှင့် ကျူးလွန်သည့်အစုအဖွဲ့က ခြွင်းချက်မရှိ တာဝန်ယူရမည်ဖြစ် ကြောင်း PNLO အဖွဲ့ကထုတ်ပြန်ပြောဆိုသည်။

စစ်ရာဇဝတ်မှုမြောက်သည့် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် အကြမ်း ဖက်လုပ်ရပ် များကို ကျူးလွန်ခြင်းအပါအဝင် မတူကွဲပြားသော ဘာသာနှင့် လူမျိုးစုများအကြား ရည်ရွယ်ချက်ရှိရှိ အမုန်း တရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးခြင်း စသည့် မည်သည့်လုပ်ရပ်မဆို ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

နန်းနိမ်းရွာဖြစ်စဉ်ကို မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ် လော်ဘီတယ်လီဂ ရမ်များတွင် ကယား PDF များဖြစ်သည်ဟု ဆိုကာ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံကာ သေဆုံး အလောင်းများပေါ်တွင် လက်လုပ်သေနတ်များချထားပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ဝါဒဖြန့်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article