26 C
Yangon

ပင်လောင်းမြို့တွင် သံဃာနှင့်ပြည်သူများကို စစ်တပ်၏ သတ်ဖြတ်မှုကို PDF နှင့် KNDF လုပ်ရပ်အဖြစ် စစ်တပ်နှင့် PNO က ဝါဒဖြန့်

Must read

ပင်လောင်းမြို့တွင် သံဃာနှင့်ပြည်သူများကို စစ်တပ်၏ သတ်ဖြတ်မှုကို PDF နှင့် KNDF လုပ်ရပ်အဖြစ် စစ်တပ်နှင့် PNO က ဝါဒဖြန့်

■ ပအိုဝ်း ပြည်သူများ ကို အတင်းအကျပ် ကန့်ကွက်ဆန္ဒပြခိုင်းနေ

ရန်ကုန်၊ မတ် ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် PDF နှင့် KNDF အပါအဝင် ကရင်နီတပ်များကို ရှုတ်ချသော ကန့်ကွက်ဆန္ဒပြပွဲကို စစ်တပ်နှင့် စစ်ကောင်စီ လက် အောက် ခံ PNO ပြည်သူ့စစ်အဖွဲ့က ယနေ့ကျင်းပပြီး ပအိုဝ်တိုင်းရင်းသားများ မဖြစ်မနေ တက်ရောက်ရန် ဖိအားပေးခေါ်ယူခဲ့ကြောင်း ပအိုဝ်းကျေးရွာများမှ ပြည်သူများက ပြောသည်။

မတ်လ ၁၁ ရက်နေ့ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် သံဃာ တော် ၃ ပါးနှင့် ပြည်သူများကို စစ်တပ်က သတ်ဖြတ်ခဲ့သော်လည်း စစ် တပ်နှင့် စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့က PDF နှင့် KNDF က သတ်ဖြတ်သည်ဟု ဝါဒဖြန့်ချိပြီး ယနေ့ မတ်လ ၁၅ ရက်နေ့ တောင်ကြီးမြို့၊ တပေါင်းကွင်းတွင် ပအိုဝ်းတိုင်းရင်းသားများကို KNDF PDF ကန့်ကွက်ဆန္ဒပြပွဲသို့ အတင်းအကျပ် တက်ရောက် ခိုင်းကြောင်း သိရှိရသည်။

” ပင်လောင်းကိစ္စနဲ့ ပက်သက်၍ PDF အဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြဖို့ PNO မှ တောင်ကြီးဝန်းကျင် ရှိ ရွာများမှ တစ်အိမ် တစ်ယောက် မလာမနေရ ဖြင့် ညွန်ကြားထားပါတယ် ။အခု ပအိုဝ်းပြည်သူတွေ ရိုးရာ ဝတ်စုံဖြင့် တောင်ကြီး တက်သွားကြပါပြီ။ ပအိုဝ်း လူမျိုးကို မမုန်းကြဖို့ အရင်တင်ပေးပါ မဖြစ်မနေ ရှောင်လွဲလို့မရလို့ အလုပ်ပစ်သွားကြတဲ့လူတွေ အများကြီး ဘာကို ဆန္ဒပြရမလဲတောင်မသိကြသေးဘူး။ ဒီမနက်ပဲစာရောက်ပြီး ခေါ်တာ။ အလုပ်သွားတဲ့လူတောင် ခြံကပြန်လာရတယ်။ တောင်ကြီး မြို့နယ် ထဲက ပအိုဝ်းရွာတွေ အကုန်။ တစ်အိမ်တစ်ယောက် ယောက်ျားလေး တွေအားလုံး မဖြစ်မနေ တောင် ကြီး ပအိုဝ်း တပေါင်းကွင်းမှာ ဟောပြောပွဲ သွားခိုင်းတယ်။ နေ့လယ်ကျရင် မြို့ထဲ KNDF PDF အလိုမရှိ မြို့ထဲ လှည့်အော်ရမယ်။ မတက်တဲ့အိမ်ကို ဒဏ်ငွေရိုက်မယ် ဆိုပြီး ဒီမနက် PNA ကစာရောက်လာတယ် တော်တော်များများက မတက်ချင်ပေမယ့် ဒဏ်ငွေကြောင့် တက်နေရတယ်။ တခြားတိုင်း ရင်းသား တွေ ပအိုဝ်း လူမျိုးကို နဲ့ တမင်ရန်တိုက်ပေးနေတာ။ အဖြစ်မှန်ကို ကျနော်တို့သိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလှုံနေသော သံဃာတော် ၃ ပါးနှင့် ပြည်သူ ၂၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article