28 C
Yangon

ပင်လောင်းမြို့နယ်၊ တောင်စလုံးရွာကို စစ်တပ်က ထိန်းချုပ်ထားစဉ် နာမကျန်း ပြည်သူ ၁၅ ဦးကို PNDFနှင့် KNDF တပ်ဖွဲ့တို့မှ ဝင်ရောက် ကယ်ထုတ်

Must read

ပင်လောင်းမြို့နယ်၊ တောင်စလုံးရွာကို စစ်တပ်က ထိန်းချုပ်ထားစဉ် နာမကျန်း ပြည်သူ ၁၅ ဦးကို PNDFနှင့် KNDF တပ်ဖွဲ့တို့မှ ဝင်ရောက် ကယ်ထုတ်

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်စလုံးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် ထိန်းချုပ်ထားစဉ် နာမကျန်းပြည်သူ ၁၅ ဦးကို PNDFနှင့် KNDF တပ်ဖွဲ့တို့မှ ဝင်ရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

မတ်လ ၈ ရက်နံနက် ၈ နာရီခန့်က ပင်လောင်းမြို့နယ်၊တောင် စလုံးရွာဘုန်းကြီးကျောင်းနှင့် ရွာထိပ် စေတီသို့ အကြမ်းဖက်စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း သတင်းအရ ထွက်ပြေးတိမ်းရှောင် နိုင်ခြင်းမရှိသော ပြည်သူများကို ပအိုဝ်းအမျိုး သားကာကွယ်‌ရေးတပ်ဖွဲ့ (PNDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ နေပြည်တော် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (NPT PDF)၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်နေစဉ် ရိက္ခာကုန်သဖြင့် ပြန်ယူသော ပအိုဝ်းတိုင်းရင်းသား တစ်ဦးထံမှ ကျေးရွာအတွင်းရှိ နေအိမ် တချို့တွင် သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများ၊ စိတ်အ‌ခြေနေ အဆင်မပြေသူများ ကျန်ရှိနေ သေးကြောင်း သိရသဖြင့် ကျန်ရှိနေသောရွာသားများ၏ နေအိမ်နှင့် အကြမ်းဖက်စစ်တပ် ရောက်ရှိနေသော နေရာ မီတာ ၁၀၀ မှ ၁၅၀ အကွာအဝေးအ ထိ ချဉ်းကပ်ကာ စုစုပေါင်း (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ထားသော သူများကို သက်ဆိုင်ရာ ဆေးတပ်ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး စားနပ် ရိက္ခာ များလည်း ဝေငှကျွေးမွေးခဲ့ကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် KNDF နှင့် PNDF တပ်ဖွဲ့တို့မှ ကူညီကယ်ဆယ်ထားသည့် ပြည်သူများကို လုံခြုံ သည့်နေရာ၌ တစုတစ်စည်းတည်း ပို့ဆောင်ထားကာ ထိုမှတဆင့် မတ်လ ၂၂ ရက်နေ့တွင် မိသားစုများရှိရာ စစ်ဘေးရှောင်စခန်းများသို့ တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းကျပ်နှုန်းထောက်ပံ့ကာ ပို့ဆောင်ပေးခဲ့ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article