26 C
Yangon

ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို ကယား PDF ဟုဆိုကာ စစ်တပ်က အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ဝန်ခံထား

Must read

ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို ကယား PDF ဟုဆိုကာ စစ်တပ်က အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ဝန်ခံထား

■ ရုပ်အလောင်းများပေါ် လက်လုပ်လက်နက်များ ချထားပြီး ဓာတ်ပုံရိုက်ယူကာ တယ်လီဂရမ်များတွင် ဝါဒဖြန့်

ရန်ကုန်၊ မတ် ၁၃

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က PDF ဟု ဆိုကာ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်ဘက်တော်သား တယ်လီဂရမ်များတွင် ဓာတ်ပုံများနှင့်တကွ တရားဝင်ဝန်ခံ ဝါဒဖြန့် ၊သတင်းများ ထုတ်ပြန်ထားသည်။

စစ်တပ်ဘက်တော်သား မှိုင်းဝေ၊ Ko Thet တယ်လီဂရမ်ချန်နယ်တွင် မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး ဘုန်းကြီးကျောင်းအတွင်း ကယား PDF တွေ့ရှိ၍ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ မတ်လ ၁၂ ရက်နေ့တွင်မူ “ကယားပဒက်များရဲ့ နိဂုံး” ဆိုသော ခေါင်းစဉ်ဖြင့် “ဒီမောဆိုး နား၊ မတ် ၁၀ ရက်နေ့က စစ်တပ်ကို ကယားပဒက်တွေက ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေပေါ်ကနေ အကြံပက်စက်စွာပစ်တယ် ..တပ်က ပြန်ပစ်လိုမရဘူး .. ပစ်ရင် ဘာသာရေးအဆောက်အဦတွေ ပျက်စီးမှာစိုးလို့ ဒါနဲ့ စစ်ကြောင်းမှ ကွန်မန်ဒို Sniper အဖွဲထုတ်ပြီး ကိုင်ထည့်လိုက်တာ ပဒက် ၂၄ ကောင် ဂေါင်းတွေထိပြီး ဒွမ်သွားတယ် ။ပုံတွေရရင် ထပ်တင်ပေးဦးမယ်။ စစ်ကြောင်းတွေ နယ်မြေရှင်းနေတုန်းမို့ ” ဟုဆိုကာ ဓာတ်ပုံများနှင့် သေဆုံးသူများ အခြေအနေများကို ဖော်ပြထားသည်။

စစ်တပ်ဘက်တော်သား တယ်လီဂရမ်များတွင် သေဆုံးသူများ၏ ရုပ်အလောင်းများပေါ်တွင် လက်လုပ်သေနတ်များ တင်၍ ဓာတ်ပုံရိုက်ယူထားကာ တယ်လီဂရမ်တွင် ယင်းသတင်းဓာတ်ပုံများကို ဖော်ပြထားကြောင်း၊ အဆိုပါ ဓာတ်ပုံများသည် ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည့် ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရှိရသည်။

ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း စစ်တပ် သတ်ဖြတ်ထားခဲ့သော ဘုန်းကြီး ၃ ပါးနှင့် ပြည်သူ ၃၀ ဦး၏ ရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက ယမန်နေ့က တွေ့ရှိခဲ့ရသည်။

“နမ့်နိန်း ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ စစ်ခွေးတွေ ဖမ်းဆီး သတ်ဖြတ်သွားတဲ့ ဘုန်းကြီး ၃ ပါးနဲ့ ပြည်သူ ၂၀ ဦး သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်။ ထိတွေ့တိုက်ပွဲတွေ အတွင်းမှာ စစ်ခွေးတွေ အသေများတော့ ဘုန်းကြီးကျောင်းပေါ်တက်ပြီး ရွာထဲမှာ ရှိတဲ့ စစ်ရှောင်များတွေနဲ့ ဘုန်းကြီး ၃ ပါးပါ သတ်ဖြတ်သွားတယ်။ အခုက ကရင်နီ ပူပေါင်း အဖွဲ့တွေ နယ်မြေရှင်းလင်းရင်းနဲ့ တွေ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို KNDF၊ PDF၊ KA ကင်းထောက်တို့က တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးသူ ၃၀ ဦးအနက်မှ ပြည်သူ ၂၈ အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ သံဃာ ၃ ပါး အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။

အလောင်းများကို KNDF က သယ်ထုတ်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ဘာသာရေးအရ သဂြိုလ်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီ စစ်ကြောင်းကို KNDF, KA, ရှင်းတောင် PDF, PDF ဖယ်ခုံ၊ မိုးဗြဲ နှင့် လာရောက်ကူညီသည့် DMO PDF တို့က ဆက်လက်တန်ပြန်စစ်ဆင်လျက်ကြောင်း၊ အစုလုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်ကောင်စီတပ်ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article