31.9 C
Yangon

ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာရွာသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုး လာသော စစ်တပ်ကို ကရင်နီတော် လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးနိုင်ဟုဆို

Must read

ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာရွာသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုး လာသော စစ်တပ်ကို ကရင်နီတော် လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးနိုင်ဟုဆို

ရန်ကုန်၊ မတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာအနောက်ဘက် တောင် ကြောသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို ကရင်နီတော်လှန်ရေးတပ်များက တိုက် ခိုက်ရာ စစ်သား ၂၀ ကျော် သေ ဆုံးခဲ့ကြောင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်စု (KRU) မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန် နမ့်နိန်းကျေးရွာ အနောက် ဘက် တောင်ကြောပေါ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး၍ လူ သားဒိုင်း အသုံး ပြု ပြီး အင်အား ၂၀၀ ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲ ခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းက ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု ရေခပ် ဆင်း လာ စဉ် ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများနှင့် တွေ့ဆုံ ပြီး အပြန် အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဒေသခံပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ဝင်ရောက် တပ် စွဲထားတာ၊ အင်အား ၂၀၀ လောက်ရှိတယ်၊ ဒီနေ့က ပြည်သူတွေကို ရှေ့ကနေ လမ်းပြခိုင်းပြီး ရေခပ်ဆင်းလာတဲ့အချိန်မှာ ကျနော်တို့ နဲ့တွေ့ပြီး တိုက်ပွဲ ဖြစ် ခဲ့တာ၊ နေ့လယ်ပိုင်းလောက်အထိ တိုက်ပွဲ ကြာခဲ့တယ်၊ ကျနော်တို့ဘက်က ရဲဘော် ၅ ဦးက အထဲမှာ ဒဏ်ရာပိတ်မိလို့ ကယ်ထုတ်ခဲ့ရတယ်” ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်စု (KRU) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် KNDF တပ်ရင်း ၁၁ ၊ PNDF (KK)၊ အလယ်ပိုင်းတိုင်း တပ်ရင်း၈၀၄ ၊ တပ် ရင်း ၈၀၅ ၊ တပ်ရင်း ၁၁၀၂ ၊ စစ်တောင်း ပျောက် ကျားအဖွဲ့တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး KRU တပ်ဖွဲ့မှ ၂ ဦး ၊ တပ်ရင်း ၈၀၄ တပ်ဖွဲ့မှ ၁ ဦး၊ တပ်ရင်း ၈၀၅ တပ်မှ ၁ ဦး၊ စစ် တောင်းပြောက်ကျားတပ်ဖွဲ့မှ ၁ ဦး စုစုပေါင်း ၅ ဦး မစိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article