34 C
Yangon

ပေါက်မြို့နယ်တွင် ပြည်သူ ၁၂ ဦးကျော်ကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကို စစ်ကြောင်း ထိုးနေ

Must read

ပေါက်မြို့နယ်တွင် ပြည်သူ ၁၂ ဦးကျော်ကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကို စစ်ကြောင်း ထိုးနေ

ရန်ကုန်၊ မတ် ၁၄

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူ ၁၂ ဦးကျော်ကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်ဆီးထားကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်ကာ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၁၂ ဦးကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းသည် စံဖဲရွာမှ ပြည် ၈ ဦး၊ လယ်ဘဲ့ရွာမှ ပြည်သူ ၁ ဦးနှင့် အင်ပင်ရွာမှ ပြည်သူ ၃ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် လယ်ဘဲ့ရွာ၊ အင်ပင်ရွာ၊ ဆူးလေကုန်းရွာ၊ အင်းယာရွာ၊ မုန်းတောရွာ၊ ကမ်းပျိုရွာ၊ ယင်းမာကုန်းရွာ၊ အောင်ချမ်းသာရွာ၊ စံဖဲရွာ၊ ရေတိမ်ရွာနှင့် ထန်းငယ်တောရွာ တို့ကို စစ်တပ် စစ်ကြောင်းက စီးနင်းနေပြီး ပြည်သူ ၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“စစ်ခွေးတွေ ပေါက်မြို့နယ် မြောက်ပိုင်းကို ၀င်နေတာ ၄ ရက်ရှိပြီ အခုစစ်ကြောင်းက ပခုက္ကူတပ် ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ က စစ်ခွေးတွေ စစ်ကြောင်း ထိုးနေတာ ၄ ရက်ရှိပြီ မနေ့ ညပိုင်းက စံဖဲ​ရွာမှာ ညအိပ်တယ်။ စစ်ကြောင်းက အင်အား ၂၀၀ ၀န်းကျင်ရှိမယ်။ ပြည်သူ ၁၂ ဦး​ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်။ ကျေးရွာ ၁၀ ရွာက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article