30 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ် ကြောင်း ထိုးနေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် စစ် ကြောင်း ထိုးနေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်း ၃ ကြောင်းဖြင့် စီးနင်းနေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက် ပြေးနေရကြောင်း ပေါက်မြောက်ပိုင်း ကာကွယ် ရေး အဖွဲ့မှ ဗိုလ်လရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် မြောက် ပိုင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး လျက်ရှိကြောင်း၊ ကျေးရွာ ၉ ရွာမှ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော် စားနပ်ရိ က္ခာများ လိုအပ်နေကာ အလွန်ဒုက္ခရောက်နေကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ ကမ်းပျိုရွာ၊ မုန်းတောရွာ၊ အင်းယာရွာ၊ ဆူးလေကုန်းရွာ၊ အင် ပင်ရွာ၊ လယ်ဘဲ့ရွာ၊ ရေတိမ်ရွာ၊ သီးချောက်ရွာနှင့် မြို့ခင်းသာရွာမှ ပြည်သူ ၆၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသော​​ကြောင့် စားနပ် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

” ထွက်ပြေးတိမ်းရှောင် ရတာ အချိန် တော်တော် ကြာလာတော့ ပြည်သူ တွေလည်း စားနပ်ရိက္ခာလိုလာတယ်။ တချို့ရွာတွေက ပြန် ဝင် လို့ရတယ်။ အခု ကျန်နေတာက ၉ ရွာလောက်ရှိတယ်။ စစ်ခွေးတွေ က ခြေရှုပ်နေတော့ ရွာမပြန် နိုင်ဘူး။ အရင်က စစ်ကြောင်းထိုးရင် စစ်ခွေး အင်အားက ၈၀ ၀န်းကျင် လောက် ပဲရှိတာ။ စစ်အုပ်ချုပ်ရေး ကြောညာပြီးတဲ့နောက် စစ်ကြောင်းထိုးရင် အင်အား ၂၀၀ကျော် တွေနဲ့စစ်ကြောင်းထိုးနေတာ”ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေး အဖွဲ့ မှ ဗိုလ်လရောင်က ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက် နေ့ တို့တွင် စံဖဲရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article