30 C
Yangon

ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၄ လုံး ပြာကျပြီး သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး

Must read

ပေါက်မြို့နယ်၊ ကင်းမရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၄ လုံး ပြာကျပြီး သိန်း ၆၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီး

ရန်ကုန်၊ မတ် ၄

မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကင်းမရွာကို အကြမ်းဖက် စစ်တပ်က စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်းထံမှ သိရသည်။

မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ် ကင်းမရွာရှိ ပြည်သူ့ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ကင်းမရွာရှိ စစ်ရှောင်ပြည်သူများ၏ ကာလ တန်ကြေး သိန်း ၆၀၀ ခန့်ရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်းနှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၈ ၏ အထိုင်စခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ပြည်သူ့ပိုင် ပစ္စည်းများ၊ ပြည်သူ့နေအိမ်များနှင့် ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း အထိုင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီဝင်များသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင်မူ ‌ပေါက်မြို့နယ် တောင်ပိုင်းမှ စစ်ကြောင်းထိုးလာစဉ် တောင်ဘက်ကျေးရွာနှင့် ဇီးတောကျေးရွာကြားတွင် မိုင်းထိပြီး စစ်ကောင်စီဝင် နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်းနှင့် မတ်လ ၁ ရက်နေ့တွင်မူ

ဝန်ချုံးရွာမှ ဘို့မယ်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ်တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထောင်ထားသည့် မိုင်းထိပြီး စစ်ကောင်စီဝင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂ ရက်နေ့တွင်မူ ဘို့မယ်ရွာမှ ကင်းမရွာသို့ အကြမ်းဖက် စစ်ကောင်စီဝင်များ ဝင်ရောက်၍ ပြည်သူ့ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နောက်ထပ် စစ်ကြောင်းတစ်ခုမှ ရှားလှကျေးရွာမှ ဝန်ချောင်းအတိုင်းစုန်ဆင်းလာရာ ကင်းမရွာ စစ်ဘေးရှောင်ပြည်သူများ၏ ပစ္စည်းများဖြစ်သော ဖောကားတစ်စီး၊ ဆန် တင်းသုံးဆယ်၊ ပဲ တင်းလေးဆယ်နှင့် အခြားစားသောက်ကုန်များ(ကာလတန်ကြေး စုစုပေါင်း သိန်း ၆၀၀ ခန့်) ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်းထံမှ သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း (အမှတ်-၁၈) မှ ဆိုင်ကယ်သုံးစီး၊ ဒရုန်း တစ်စီး၊ မိုင်းဆက်စပ်ပစ္စည်းများ၊ လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article