28 C
Yangon

ပေါက်မြို့နယ်၊ ​မြောင်နှင့် လွိုင်​ကော် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

Must read

ပေါက်မြို့နယ်၊ ​မြောင်နှင့် လွိုင်​ကော် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တို့တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ပေါက်တွင် မီးရှို့ရန်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦးသေဆုံး

=================================

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ရဟတ်ယာဉ်ဖြင့် လာရောက်စစ်ကူပေးတိုက်ခိုက် ခဲ့ကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၅ ရက်နေ့က မကွေးတိုင်း၊ ကုက္ကိုစု(ပျူ)ရွာမှ တဆင့် သနပ်ပင်ဇင်းကျေးရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၇ ဦးသေဆုံးကာ ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ Mi 35 ရဟတ် ယာဉ်ဖြင့် စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ရွာကို ဝင်ပြီးမရှို့ဖို့ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာ၊ အထိနာတော့ နေ့လည် ၁ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ လာပစ်တယ်၊ လာပစ်တဲ့အချိန် မတိုက်ပဲ ခဏနားနေပေးလိုက်တယ်၊ ပြန်သွားမှ ပြန်တိုက်တာ၊ စစ်ခွေးရဟတ်ယာဉ်ပေါ်က ဗုံး ၃ လုံးကြဲသွားတယ်၊ ကျနော်တို့နဲ့ နီးတဲ့နေရာ မှာ နှစ်ကြိမ်ကျတယ်၊ တစ်ကြိမ်ကတော့ ဝေးတယ်၊ စက်သေနတ်ပစ်တာကတော့ တရစပ်ပဲ” ဟု ပြည်သူ့ အားမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ GOBA (မိုးကြိုး) ၊ TYK ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း မဟာပူးပေါင်းတပ်ဖွဲ့များမှလည်း စစ်ကူလာရောက် ပေးအပ်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် လာရောက်နိုင်ရန် နေအိမ်တစ်လုံး ကို မီးရှို့ကာ အချက်ပြခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီး အထိနာသွားသဖြင့် သေဆုံးစစ်သား၊ ဒဏ်ရာရသူများကို သယ်ဆောင်ကာ ကုက္ကိုစု(ပျူ)ရွာအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

လွိုင်ကော်တွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

=============================

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းပုန်းစခန်း တစ်ခုကို စနိုက်ပါဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KNDF တပ်ရင်း ၁၄ ထံမှ သိရ သည်။

မတ်လ ၁၇ ရက် နံနက် ၆ နာရီခွဲခန့် အဆိုပါအကြမ်းဖက်စစ်တပ်စခန်းကို KNDF ပေါင်းစုမှ စနိုက်ပါ ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ စစ်သားအချို့လည်း ထိခိုက် ဒဏ်ရာရရှိမှုရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

မြောင်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

================================

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသော အကြမ်း ဖက်စစ် သား များကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်တောက်ထွန်း ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့မှ ဗိုလ်တောက်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၆ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကျောက်ရစ် ရဲစခန်းအတွင်းမှ အနောက်ဘက်သို့ ကင်းပုန်း ဝပ်ရန်ထွက်လာသော အကြမ်းဖက်စစ်သား ၇ ဦး ကို လက်ဦးရယူတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံး ခဲ့ကြောင်း၊ လက်နက်အင်အားမမျှသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ရဲစခန်းအနောက်ဘက်ကို ကင်းပုန်းဝပ်ဖို့ ခွေး ၇ ကောင်ထွက်လာတပါ၊ အဲဒါကို ပစ်ခတ်တိုက်ခိုက်ခဲ့ တာ၊ အပိုင်တွယ်ပြီး လက်နက်တွေရယူနိုင်ပေမယ့် လက်နက်အင်အားကမမျှခဲ့တော့ မရဘူး၊ လက်နက် သာ ပြည့်စုံကောင်းမွန်ရင် စစ်ခွေးတွေဆီက လက်နက်ကိုယူအောင်ယူနိုင်လောက်တယ်၊ ၅ မိနစ်‌လောက် ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့ရတာ၊ လက်နက်အင်အားမရှိတော့ ခွေးနောက်ချန်ကင်းကို မထိန်းထား နိုင်လို့ပါ” ဟု ဗိုလ်တောက်ထွန်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်း ပြည်သူ့ကာကါယ်ရေး အထူးတပ်ဖွဲ့(MBTT)၊ မြောင်Heroအဖွဲ့၊ BLOOD BROTHERS ၊ နတ်စစ်သည်တော်များဖောက်ခွဲရေး Local တပ်ပေါင်းစုတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓါတ်ပုံ- ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။

(တော်လှန်​ရေးရဲ​ဘော်တစ်ဦး၏လူမှုကွန်ရက်မှ ဓါတ်ပုံဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article