32 C
Yangon

ပေါက်မြို့နယ်၊ ရိုးဇရပ်ရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှု များပြား

Must read

ပေါက်မြို့နယ်၊ ရိုးဇရပ်ရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရိုးဇရပ်ရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးကြောင်း West-Ayeyar Guerrilla Force (WAGF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ပေါက်မြို့နယ် အရှေ့ပိုင်း၊ သာကြီးတောင်ရေနံမြေ၊ ရိုးဇရပ်ရွာမှ အနောက်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သား ၂၅ ဦးခန့်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁ လုံး၊ မိုင်း ၁၀ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ ဆေးရုံအရောက်တွင် ၈ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာကို ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး MA -1 ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည် ၅၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို West-Ayeyar Guerrilla Force (WAGF) နှင့် Myaypyant Regian Defence Force – MRDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article