27 C
Yangon

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခ)စတီး ပစ်ခတ်ခံရပြီး သေဆုံး၊ တမူးတွင်လည်း ပျူစောထီးခေါင်းဆောင်ဟု သတ် မှတ်ခံရသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခ)စတီး ပစ်ခတ်ခံရပြီး သေဆုံး၊ တမူးတွင်လည်း ပျူစောထီးခေါင်းဆောင်ဟု သတ် မှတ်ခံရသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက် ရာအိမ်မှူး စစ်တပ် သတင်းပေး ကျော်စိုးမိုး (ခ) စတီးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ဥတ္တတားကျေးရွာမှ ဖလပ်ကျေးရွာသို့ ဇင်း ကျိုက်-မော်လမြိုင်လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ၉ မမ ပစ္စတိုသေနတ်ဖြင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဆီးခုံတို့ကို ၈ ချက် တိတိ ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

“သူက ဖလပ်ကျေးရွာက ရာအိမ်မှူးပါ၊ ဥတ္တတားရွာမှာက အုပ်ချုပ်ရေးမှူးလုပ်မယ့်သူမရှိဘူး၊ အဲဒါကို သူက “သတ္တိရှိကောင်လာစမ်း၊ ဥတ္တတားရွာကို ငါကိုယ် တိုင် အုပ်ချုပ်ရေးမှူး လုပ်ပြမယ်” ဆိုပြီး ကြိမ်း ဝါးစိန်ခေါ်တဲ့သူ၊ PDF တွေရဲ့လှုပ်ရှားတွေ၊ CDM တွေကို စုံစမ်းပြီးတော့ စစ်တပ်ကို သတင်းပေးတယ်၊ ဖမ်းခို်ငးတယ်၊ မိသားစုတွေကိုလည်း ခြိမ်း ခြောက်ပိုက်ဆံတောင်းတယ်၊ အဲလိုလုပ်နေတော့ နစ်နာ တဲ့ ပြည်သူတွေက တိုင်တာများကို ရှင်းပစ်လိုက်တာပါ”ဟု အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF မှ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ၎င်းသည် အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံ ရဲများ နှင့်အတူပူးပေါင်းကာ လောင်းကစား ဝိုင်းများ၊ ချဲထီ၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများ ဦးဆောင်စီစဉ်၍ ဆတ်ကြေး ကောက်နေသည့်အပြင် အရက်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူ ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ တမူးမြို့နယ်၊ကွမ်းတောင်းကျေး ရွာတွင် ပျူစောထီးခေါင်းဆောင် မင်းမောင်ကြီးကို ABSDF တပ်က ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ABSDF တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ABSDF အနောက်ပိုင်း တပ်ရင်း ၅၊ တပ်ခွဲ ၁ မှ တမူးမြို့ ကွမ်းတောင်းရွာတွင် တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများ ကျေးရွာအတွင်း သွားလာနေချိန် ABSDF က ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ချိန် ၁၅ မိနစ် အတွင်း ပျူစောထီး ခေါင်းဆောင် မင်းမောင်ကြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုးမိုး(ခ)စတီး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article