38 C
Yangon

ပေါင်းတည်တွင် စစ်တပ်အတွက် ရိက္ခာသယ်ပို့ပေးနေသည့် ကား ၁ စီးကို မီးရှို့

Must read

ပေါင်းတည်တွင် စစ်တပ်အတွက် ရိက္ခာသယ်ပို့ပေးနေသည့် ကား ၁ စီးကို မီးရှို့

ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာ သယ်ယူပို့ဆောင်ပေးနေသည့် ကား ၁ စီးကို မီးရှို့ ရှင်းလင်းလိုက်ကြောင်း ပေါင်းတည်မြို့နယ် ၊ ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ် ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပေါင်းတည်မြို့နယ်၊ ကြာနီကန်မှ စစ်တပ်အတွက် အလုပ် လုပ်ကိုင်ပေးနေသော မောင်ညွှန့်၏ကားကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မောင်ညွန့်က သစ်ခိုး ထုတ်ရန်နှင့် PDF များ၏ သတင်းကိုစုံစမ်းရန် လာနေသည်ဟု သတင်းရရှိသဖြင့် အချိန်မီ ပိတ်ဆို့စစ်ဆေးရာ မောင်ညွှန့်ပါလာခြင်းမရှိကြောင်း၊ ကားပေါ်တွင် လိုက်ပါသူ မောင်ညွန့်၏ သား ၊ ကားဒရိုင်ဘာနှင့်စပယ်ယာတို့ကိုစစ်ဆေးပြီး မောင်ညွန့်ကား သေချာမှသာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ကားပေါ်လိုက်ပါသူများကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သော ကားမှာ မောင်ညွန့်က ပြည်သူ ၁ ဦးထံမှ မတရားသိမ်းယူ ထားသော ကားဖြစ်ကြောင်း၊ ထိုကားဖြင့် စစ်တပ်စစ်ကြောင်းထိုးလျှင် လိုက်ပါပို့ဆောင်ခြင်း၊စစ်လက်နက်ပစ္စည်း၊စစ်တပ်အတွက် အစားအသောက်ရိက္ခာများကိုသယ်ယူပေးနေကြောင်း သိရှိရသည်။

စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မောင်ညွန့်သည် စစ်တပ်ကို လိုင်းကြေးပေး၍ သစ်ခိုးခြင်း၊ လောင်းကစား၀ိုင်းများ ပြုလုပ်ခြင်း၊ ရပ်ရွာအတွင်းရှိ ပြည်သူများကို PDF ဟုစွပ်စွဲ၍ စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ အမှုပွဲစားလုပ်ခြင်းဖြင့် ပြည်သူများကို စိတ်ဒုက္ခရောက်အောင်အမျိုးမျိုးပေးနေသူတစ်ဦးဖြစ်ကြောင်းပေါင်းတည်မြို့နယ် ၊ ၃၆၀၁ တပ်ရင်းတပ်ခွဲ ၃မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article