ပေါင်းတည်မြို့တွင် ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၁၃
ပေါင်းတည်မြို့တွင် ယနေ့ မတ်လ ၁၃ ရက်နေ့၌ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ပေါင်းတည်မြို့မ ရဲစခန်းရှေ့ငြိမ်းချမ်း ရွှေတည် ပြည်သူ့ပန်းခြံအတွင်းပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားပါအကျီများနှင့်နှင်းဆီပန်းနီ များကို ပြည်သူများအား ဝေငှပေးခဲ့ကြောင်း သိရသည်။



