33 C
Yangon

ပဲခူးမှာ စစ်ကောင်စီလုပ်မယ့် သင်္ကြန် စည်ကားရေးအတွက် လမ်းဘေးစျေးဆိုင်တွေနဲ့ အဆောင်ပိုင်ရှင်တွေဆီမှ တစ်ဦးလျှင် အလှူငွေ ၃ သောင်း မဖြစ်မနေ ပေးရမယ်လို့ စစ်တပ်က ကောက်ခံ

Must read

ပဲခူးမှာ စစ်ကောင်စီလုပ်မယ့် သင်္ကြန် စည်ကားရေးအတွက် လမ်းဘေးစျေးဆိုင်တွေနဲ့ အဆောင်ပိုင်ရှင်တွေဆီမှ တစ်ဦးလျှင် အလှူငွေ ၃ သောင်း မဖြစ်မနေ ပေးရမယ်လို့ စစ်တပ်က ကောက်ခံ

ရန်ကုန်၊ မတ် ၁၆

ပဲခူးမှာ စစ်ကောင်စီက လုပ်ဖို့ရှိနေတဲ့ သင်္ကြန် စည်ကားရေးအတွက် လုပ်ငန်းရှင်တွေနဲ့ အဆောင်ဆောက်လုပ်ငှားနေတဲ့ အိမ်ပိုင်ရှင်တွေဆီက တစ်ဦးလျှင်‌ ငွေကျပ် ၃ သောင်း မဖြစ်မနေ ပေးသွင်းရမယ်လို့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီက အမိန့်ပေး တောင်းယူနေပါတယ်။

ပဲခူးမြို့၊ အမှတ် ၂ ရဲစခန်းနယ်မြေအပိုင် မဲခုံ ၅ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ရွှေက အထက်က ခိုင်းတယ်ဆိုပြီး အဆောင်ပိုင်ရှင်တွေဆီက ငွေတွေ ဖိအားပေးတောင်းခံနေတာဖြစ်ပါတယ်။

ပဲခူးမြို့မှာ စက်မှုဇုန်တွေနဲ့ အလုပ်သမားတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့ ဆိုင်တွေနဲ့ အဆောင်တွေများစွာရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေ စက်ရုံတွေ ပိတ်သိမ်းနေလို့ အလုပ်သမားတွေလည်းမရှိကြတော့ပါဘူး။ ဒါပေမယ့်လည်း စစ်ကောင်စီဘက်က ငွေကျပ် ၃ သောင်း မပေးရင် လုပ်ကိုင်နေတဲ့ ဆိုင်နဲ့ အဆောင်တွေကို ပိတ်သိမ်း အရေးယူမယ်လို့ ဖိအားပေးတောင်းခံနေတာလည်းဖြစ်ပါတယ်။

“စက်ရုံတွေပိတ်လို့ အဆောင်တွေမှာတော်တော်များများ လူတွေမရှိတော့ပါဘူး။ အဆောင်တွေမှာ အလုပ်သမားမရှိကြတော့ဘူး။ စျေးဆိုင်လေးတွေ ထမင်းဆိုင်လေးတွေဆိုတာကလည်း အလုပ်သမားတွေကို မှီခိုဖွင့်ကြရတာ။ အခုက အလုပ်သမားမရှိတော့ သူတို့လည်း အဆင်မပြေဘူး။ ဘယ်သူမှ အဆင်မပြေဘူး။ အဲဒါကို တစ်ဦး ၃ သောင်းတောင်းတယ်။ မပေးရင် ပိတ်မယ်။ ဖမ်းဆီးမယ်နဲ့ ခြိမ်းခြောက်နေတယ်” လို့ အဆောင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက တစ်ဦးလျှင် ငွေကျပ် ၃ သောင်းပေးဖို့ ဖိအားပေး ကောက်ခံနေတဲ့ ရပ်ကွက်၊ ကျေးရွာတွေကတော့ ကျိုက်ပေါ၊ မြသီတာ၊ နန်းတော်ကုန်း၊ ရှမ်းသူကြီးကုန်း၊ ရေစက် ကျေးရွာတို့ဖြစ်ပြီး အဆောင်များရှိတာက ကျိုက်ပေါကျေးရွာ ရှမ်းသူကြီးကုန်းကျေးရွာ နဲ့မြသီတာကျေးရွာ သုံးရွာဖြစ်ပါတယ်။

အ‌ကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ကျင်းပမယ့် သင်္ကြန်ကာလကို အစည်ကားဆုံးဖြစ်စေဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို အတင်းအကျပ် ဖိအားပေး ခိုင်းစေနေပြီး လိုအပ်တဲ့ ဘတ်ဂျက်ငွေကြေးကို အဆင်ပြေသလို ကောက်ခံ သုံးစွဲဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ယမန်နှစ် ပဲခူးသင်္ကြန်မဏ္ဍပ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article